အာဆင်နယ်တွင် မတည်မငြိမ် ဖြစ်နေသည့် မိန့်လန်းနိုင်းစ်ကို စပါးပစ်မှတ်ထား

အာဆင်နယ်တွင် မတည်မငြိမ် ဖြစ်နေသည့် မိန့်လန်းနိုင်းစ်ကို စပါးပစ်မှတ်ထား
Photo: Mirror
Photo: Mirror
Published 10 August 2020

အာဆင်နယ်အသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ကွင်းလယ်လူ မိန့်လန်းနိုင်းစ်ကို ခေါ်ယူရန် လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းက ပစ်မှတ်ထားနေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် အသင်းရှိ ကစားသမားအချို့ကိုရောင်းချကာ ငွေရှာရန် စီစဉ်လျက်ရှိနေပြီး မိန့်လန်းနိုင်းစ်မှာ ၎င်းတို့ ရောင်းချလိုသည့် ကစားသမားစာရင်းတွင် ပါဝင်နေကြောင်းသိရှိရသည်။ 

ကွင်းလယ်တွင်ရော နောက်တန်းတွင်ပါကစားနိုင်သည့် အသက် (၂၂)နှစ်အရွယ် မိန့်လန်းနိုင်းစ်အား အာဆင်နယ်နည်းပြ အာတီတာက အသင်းတွင် ဆက်လက်ထားရှိရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

သို့သော် အာဆင်နယ်အသင်းအနေဖြင့် ၎င်းအတွက် ပေါင်သန်း(၂၀)ခန့်ရရှိလျှင် ရောင်းချဖွယ်ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent