ယခုရာသီမပြီးဆုံးမီ ခေါင်းတိုက်ဂိုး သွင်းယူနိုင်အောင် ကြိုးပမ်းသွားမည်ဟု ဂရင်းဝုဒ် ကြုံးဝါး

ယခုရာသီမပြီးဆုံးမီ ခေါင်းတိုက်ဂိုး သွင်းယူနိုင်အောင် ကြိုးပမ်းသွားမည်ဟု ဂရင်းဝုဒ် ကြုံးဝါး
Published 10 August 2020

မန်ယူအသင်း၏ တိုက်စစ်မှူး ဂရင်းဝုဒ်က ယခုရာသီမပြီးဆုံးမီ ခေါင်းတိုက်ဂိုး သွင်းယူနိုင်အောင် ကြိုးပမ်းသွားမည်ဟု ကြုံးဝါးပြောကြားခဲ့သည်။

ဂရင်းဝုဒ်(၁၈ နှစ်)သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ၌ (၄၇)ပွဲကစားကာ (၁၇)ဂိုး သွင်းယူပေးထားသော်လည်း ခေါင်းတိုက်ဂိုး သွင်းယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို့ပြင် ဂရင်းဝုဒ်သည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း (၅)ဂိုး သွင်းယူထားနိုင်သည့်အတွက် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ခေါင်းတိုက်ဂိုးသွင်းယူနိုင်အောင် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုပင်ဟေဂင်နှင့်ပွဲမတိုင်မီ ဂရင်းဝုဒ်အား မည်သည့်နေရာတွင် တိုးတက်ရန် လိုအပ်နေသနည်းဟု UEFA က မေးမြန်းခဲ့ရာ ''ကျွန်တော် ခေါင်းတိုက်ဂိုးတွေအကြောင်း စဉ်းစားနေပါတယ်။ ဒီရာသီမှာ အသင်းကြီးအတွက် ခေါင်းတိုက်ဂိုး မသွင်းရသေးပါဘူး။ ယူရိုပါလိဂ်ပြိုင်ပွဲ မပြီးဆုံးခင် ခေါင်းတိုက်ဂိုး သွင်းယူသွားချင်ပါတယ်။ ဒီလို သွင်းယူနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ပိုကောင်းအောင် ကြိုးစားနိုင်ရင် ပိုကောင်းတဲ့ကစားသမား ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော် ခံယူထားပါတယ်'' ဟု ဂရင်းဝုဒ်က ပြောကြားခဲ့သည်။

Most Read

Most Recent