မိမိ အိုပြီဟု ခံစားရအောင် ပီယာလို လုပ်ဆောင်ခဲ့သည်ဟု ကွန်တီ ဆို

မိမိ အိုပြီဟု ခံစားရအောင် ပီယာလို လုပ်ဆောင်ခဲ့သည်ဟု ကွန်တီ ဆို
Published 10 August 2020

အင်တာမီလန်အသင်း၏ နည်းပြ ကွန်တီက ဂျူဗင်တပ်စ်အသင်း၏ နည်းပြအဖြစ် ပီယာလို ခန့်အပ်ခံခဲ့ရခြင်းမှာ မိမိ အိုပြီဟု ခံစားရအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အရွှန်းဖောက်ပြောကြားခဲ့သည်။ 

ပီယာလိုသည် ကွန်တီ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်စဉ်က အဓိက ကစားသမားအဖြစ် လက်တွဲခဲ့ဖူးသူဖြစ်သလို၊ ကွန်တီ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်စဉ်တွင်လည်း လက်တွဲခဲ့ဖူးသူဖြစ်သည်။ 

ထို့ကြောင့် ကွန်တီက ဂျူဗင်တပ်စ်အသင်း၏ နည်းပြအဖြစ် ပီယာလို ခန့်အပ်ခံရခြင်းအတွက် အလွန်ဝမ်းမြောက်မိကြောင်းလည်း ပြောကြားခဲ့သည်။ 

ကွန်တီက ''အန်ဒရီယာ(ပီယာလို)အတွက် ကျွန်တော် အလွန်ဝမ်းမြောက်မိပါတယ်။ သူက ဘောလုံးနဲ့ပတ်သက်တဲ့အရာရာမှာ အလွန်ထူးခြားတဲ့ စွမ်းရည်ရှိသူပါ။ ဒါပေမဲ့ ကစားသမားအဖြစ် လေ့ကျင့်ပေးခဲ့ဖူးသူ နည်းပြဖြစ်လာတာကတော့ ကျွန်တော့်ကို အိုပြီလို့ ခံစားရအောင် လုပ်လိုက်တာပါပဲ''ဟု ဆိုခဲ့သည်။

Most Read

Most Recent