FFP စည်းမျဉ်းနှင့် မကိုက်ညီခြင်းကြောင့် ဝုလ်ဗ်အသင်း ဒဏ်ငွေချမှတ်ခံရပြီး ဥရောပပြိုင်ပွဲတွင်လည်း ကစားသမားလျှော့ချခံရမည်

FFP စည်းမျဉ်းနှင့် မကိုက်ညီခြင်းကြောင့် ဝုလ်ဗ်အသင်း ဒဏ်ငွေချမှတ်ခံရပြီး ဥရောပပြိုင်ပွဲတွင်လည်း ကစားသမားလျှော့ချခံရမည်
Published 10 August 2020

ဝုလ်ဗ်အသင်းသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ပေါင် (၂၇)သန်း (ယူရိုသန်း ၃၀) သတ်မှတ်ချက်ထက် ပိုမိုအရှုံးပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်အသင်းသည် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း (FFP)နှင့် မကိုက်ညီခြင်းကြောင့် ဒဏ်ငွေချမှတ်ခံခဲ့ရပြီး လာမည့် (၂)ရာသီဥရောပပြိုင်ပွဲများတွင် ကစားသမားဦးရေလျှော့ချခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ဝုလ်ဗ်အသင်းသည် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ပေါင် (၂၇)သန်း (ယူရိုသန်း ၃၀) သတ်မှတ်ချက်ထက် ပိုမိုအရှုံးပြခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။ 

UEFA သည် ဥရောပဘောလုံးအသင်းများအား ဝင်ငွေ၊ ထွက်ငွေ မျှတစေရန်အတွက် တစ်ရာသီအတွင်း ယူရိုသန်း (၃၀)ထက်ပိုမို အရှုံးမပြရန် သတ်မှတ်ထားသည်။

ဝုလ်ဗ်အသင်းသည် UEFA သို့ ဒဏ်ငွေ ယူရို (၂)သိန်းပေးဆောင်ရမည်ဖြစ်ပြီး အကယ်၍ လာမည့်ရာသီများ၌ သတ်မှတ်ချက်အတွင်း မဝင်ခဲ့ပါက ဒဏ်ငွေမှာ ယူရို (၆)သိန်းအထိ မြင့်တက်သွားနိုင်ကြောင်း သိရှိရသည်။ 

ထို့ပြင် ဝုလ်ဗ်အသင်းသည် ရှေ့လာမည့်ရာသီများ၌ ဥရောပပြိုင်ပွဲ (၂)ခုကစားသမားလျှော့ချသည့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကစားသမားဦးရေ ပုံမှန်အတိုင်း(၂၅)ဦးတင်သွင်းခွင့်မရှိဘဲ (၂၃)ဦးသာ တင်သွင်းခွင့်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဝုလ်ဗ်အသင်းသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်နေပြီး ယင်းပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့ပါက လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။

Most Read

Most Recent