ယနေ့ညကစားမည့် ချန်ပီယံလိဂ် (ဒု-ကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ချန်ပီယံလိဂ် (ဒု-ကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 7 August 2020

မန်စီးတီး နှင့် ရီးယဲလ်မက်ဒရစ် (၈-၈-၂၀၂၀ နံနက် ၁:၃၀ နာရီ)

မန်ချက်စတာစီးတီးရဲ့အားသာချက်က Squad Depth ဖြစ်သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အရန်အင်အားအတောင့်တင်းဆုံးလို့တောင် ပြောလို့ရပြီး ရီးယဲလ်မက်ဒရစ်လို ဥရောပထိပ်တန်းအသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်တဲ့အချိန်မှာလည်း  ယှဉ်နိုင်စွမ်းရှိတဲ့အပြင် အရန်အင်အားပိုတောင့်တယ်လို့တောင်ပြောလို့ရပါတယ်။ ရီးယဲလ်မှာ ရာမို့စ် ပွဲပယ်ခံထားရတဲ့အတွက် ခံစစ်ပိုင်းလည်း ပိုအားနည်းနေတယ်။ နှစ်သင်းစလုံးရဲ့လိဂ်ဖြတ်သန်းမှုတွေက အားကောင်းခဲ့ပြီး မန်စီးတီးရဲ့တိုက်စစ်က စိတ်ချရတဲ့အနေအထားမှာရှိတယ်။ ရီးယဲလ်ကတော့ နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းနှုန်းသိသိသာသာကျနေပြီး နိုင်တဲ့ပွဲတွေကလည်း Narrow Margin ပဲ ဖြစ်နေတာတွေ့ရတယ်။ ဇီဒန်းရဲ့အကောင်းဆုံးအချိန်တွေမဟုတ်တာသေချာပြီး ဒါကြောင့်လည်း မန်စီးတီးအတွက် အခွင့်အရေးပိုရှိနေတယ်။ မန်စီးတီးရဲ့ပြဿနာက ခံစစ်ဖြစ်ပြီး ဒီပွဲမှာလည်း ရီးယဲလ်တိုက်စစ်ကြောင့် ခံစစ်က ရုန်းကန်ရဦးမှာပဲ။ မန်စီးတီးတိုက်စစ်ကသာ လိုအပ်တဲ့ ရလဒ်ယူပေးနိုင်ခြင်းရှိ၊ မရှိကို စောင့်ကြည့်ရမှာဖြစ်တယ်။ ဥရောပပွဲတွေမှာ မန်စီးတီးက မထင်မှတ်ဘဲ ခြေဖောက်သွားတတ်တာမျိုးတွေကလည်း စိုးရိမ်စရာဖြစ်တယ်။ ဒီပွဲကတော့ မန်စီးတီး (၂-၂)လောက် ကစားနိုင်မယ်ထင်တယ်။

မန်စီးတီး - ရီးယဲလ်ပွဲမှ ပွဲကြိုအချက်အလက်တချို့

- မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၇)ပွဲတွင် (၆)ပွဲအထိအနိုင်ရရှိခဲ့ပြီး တစ်ပွဲသာ သရေကျခဲ့သလို၊ (၄)ဂိုးနှင့်အထက်သွင်း နိုင်သည့်ပွဲမှာလည်း (၄)ပွဲအထိရှိခဲ့သည်။

- ရီးယဲလ်အသင်း၏ ချန်ပီယံလိဂ်နောက်ဆုံး (၁၃)ပွဲတွင် (၁၁)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၃)ဂိုးနှင့်အထက် ရှိခဲ့သည်။

- (၂၁)ရာစုအတွင်း မန်စီးတီးအသင်းသည် ရီးယဲလ်ကို အိမ်ကွင်း၌ (၂)ကြိမ်လက်ခံကစားဖူးရာ (၂)ကြိမ်စလုံး သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ဂျူဗင်တပ်စ် နှင့် လိုင်ယွန် (၈-၈-၂၀၂၀ နံနက် ၁:၃၀ နာရီ)

လိုင်ယွန်က အဝေးဂိုးမပေးရဘဲ နိုင်ပွဲရထားတာ အားသာပါတယ်။ ဂျူဗင်တပ်စ်က ဂိုးသွင်းဖို့ လိုသလို၊ ဂိုးမပေးရဖို့လည်း အာရုံစိုက်ရမယ်။ လိုင်ယွန်ုတိုက်စစ်က သိပ်အားရစရာမဟုတ်ပေမယ့် ခံစစ်ကစားပုံက ဂျူဗင်တပ်စ်အတွက် ခက်ခဲပါတယ်။ စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေကိုပဲ မှီခိုနေရတာကလည်း ဂျူဗင်တပ်စ်အတွက် အားနည်းချက်ဖြစ်တယ်။ အချိန်ပိုအထိရောက်နိုင်သလို၊ (၂-၁)နဲ့ ဂျူဗင်တပ်စ်ထွက်သွားရလည်း အံ့သြစရာမရှိဘူး။

Most Read

Most Recent