- အင်တာမီလန်အသင်း၏ နည်းပြဖြစ်သူ ကွန်တီက ဂီတာဖေးအသင်းကို အနိုင်ရရှိခဲ့သည့် ယူရိုပါလိဂ်ပွဲစဉ်အပြီးတွင် ဂီတာဖေးအသင်းသည် အလွန်တောင့်တင်းပြီး ကစားရခက်သည့်အသင်းဖြစ်ကြောင်းနှင့် မိမိတို့အသင်းသည် ယင်းပွဲကိုအနိုင်ရရန်အတွက် အစွန်းကုန်ရုန်းကန်ခဲ့ရကြောင်း ဝန်ခံပြောကြားခဲ့သည်။
- မန်ချက်စတာစီးတီးအသင်းသည် အက်သလက်တီကိုမက်ဒရစ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး ဆီမြွန်နီက စိတ်ကြိုက်မတွေ့သည့် ပေါ်တူဂီလူငယ်ကြယ်ပွင့်ကစားသမား ယာအိုဖီးလစ် (၂၀ နှစ် )အား ခေါ်ယူရန် စောင့်ကြည့်လျက်ရှိသည်။
- ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ဆီဗီလာအသင်းတွင် အငှားဖြင့်သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ် ဘယ်နောက်ခံလူ ရယ်ဂီလွန်အား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပြီး ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။
- ဘာစီလိုနာအသင်းသည် ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေသည့် ၎င်းင်းတို့အသင်း၏ ဂျာမနီလက်ရွေးစင်ဂိုးသမား စတီဂန် (၂၈ နှစ်) အား (၅) နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုကာ အသင်းတွင်ဆက်ထိန်းထားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
- စပါးအသင်းသည် မိုနာကိုအသင်းနှင့် အေစီမီလန်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေသည့်အသင်း၏ ပြင်သစ်ညာနောက်ခံလူ အော်ရီယေးအား ပြောင်းရွှေ့ကြေးပေါင် (၃၅)သန်းခန့် ရရှိပါက ရောင်းထုတ်ရန် စဉ်းစားသွားမည် ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။
- ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုသောကြာနေ့တွင် မန်စီးတီးအသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် လူစာရင်းထုတ်ပြန်ခဲ့ရာတွင် ဂါရတ်ဘေးလ်နှင့် ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ ပါဝင်ခဲ့ခြင်းမရှိဘဲ ဒဏ်ရာမှ ပြန်သက်သာလာပြီဖြစ်သည့် အေဒင်ဟာဇက်ကိုမူ ထည့်သွင်းခဲ့သည်ဟု သိရသည်။









