စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ကို ချန်ပီယံလိဂ်မှ ထုတ်ပစ်နိုင်စွမ်းရှိသည်ဟု ဒီပိုင်း ပြောကြား

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်ကို ချန်ပီယံလိဂ်မှ ထုတ်ပစ်နိုင်စွမ်းရှိသည်ဟု ဒီပိုင်း ပြောကြား
Published 6 August 2020

လိုင်ယွန်တောင်ပံတိုက်စစ်ကစားသမား ဒီပိုင်းက မိမိတို့အနေဖြင့် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထုတ်ပစ်နိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။ 

လိုင်ယွန်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် အိမ်ကွင်း၌ ဂျူဗင်တပ်စ်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိထားပြီး ကွာတားဖိုင်နယ်တက်ရောက်ရန် အလေးသာနေသည်။ 

လိုင်ယွန်အသင်းသည် ဒုတိယအကျော့ပွဲစဉ်အဖြစ် သြဂုတ်လ (၇)ရက်တွင် ဂျူဗင်တပ်စ်အသင်း၏ အိမ်ကွင်း၌ သွားရောက်ကစားရမည်ဖြစ်ပြီး ယင်းပွဲစဉ်ကို အကြောက်အလန့်မရှိ ကစားသွားမည်ဟု ဒီပိုင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒီပိုင်းက ''ပထမအကျော့ပွဲစဉ်တုန်းက ဒူးဒဏ်ရာကြောင့် ကျွန်တော် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ ချန်ပီယံလိဂ်မှာ ကစားဖို့ ကျွန်တော် အသင့်ဖြစ်နေပါပြီ။ စည်းမျဉ်းသစ်အရ ကွာတားဖိုင်နယ်က စပြီး တစ်ပွဲစီပဲ ကစားရမှာဖြစ်လို့ အသင်းတိုင်းက ဗိုလ်စွဲဖို့ မျှော်လင့်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂျူဗင်တပ်စ်အသင်းကို အကြောက်အလန့်မရှိ ရင်ဆိုင်သွားမှာဖြစ်ပြီး သူတို့ကို ပြိုင်ပွဲက ထုတ်ပစ်ဖို့ ကျွန်တော်တို့တစ်သင်းလုံး စိတ်အားထက်သန်နေကြပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent