အသင်းပိုင်ရှင်နှင့် မပြေလည်သဖြင့် ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားရန် စီစဉ်နေသည်ဟူသည့် သတင်းများကို ကွန်တီ ဒေါသတကြီး ငြင်းဆန်

အသင်းပိုင်ရှင်နှင့် မပြေလည်သဖြင့် ဂျူဗင်တပ်စ်အသင်းထံ ပြန်သွားရန် စီစဉ်နေသည်ဟူသည့် သတင်းများကို ကွန်တီ ဒေါသတကြီး ငြင်းဆန်
Photo: Yahoo
Photo: Yahoo
Published 6 August 2020

အင်တာမီလန်နည်းပြကွန်တီက အသင်းပိုင်ရှင် စတီဗင်ကျန်းနှင့် မပြေလည်၍ ဂျူဗင်တပ်စ်အသင်းသို့ ပြန်သွားရန် စီစဉ်နေသည်ဟူသည့် သတင်းများကို ဒေါသတကြီးငြင်းဆန်ခဲ့ ပြီး ယင်းကဲ့သို့ ရေးသားခဲ့သည့် သတင်းစာအား တရားစွဲမည်ဖြစ်ကြောင်း အီတလီသတင်းအေဂျင်စီ ANSA သို့ ပြောကြားခဲ့သည်။

ကွန်တီသည် အင်တာမီလန်အသင်းတွင်း၌ အသင်းပိုင်ရှင်များ၏သူလျှိုများ ရှိနိုင်သည်ဟု သံသယဝင်နေသူဖြစ်ပြီး(ထုတ်ဖော်ပြောကြားခဲ့ဖူး) အသင်းဥက္ကဋ္ဌ စတီဗင်ကျန်းနှင့်လည်း ဆက်ဆံရေးအဖုအထစ်များ ရှိခဲ့သည်။ 

သို့ဖြစ်ရာ အင်တာနှင့် အနာဂတ်မတည်ငြိမ်သော ကွန်တီအား အသင်းဟောင်းဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့လိမ့်မည်ဟု အီတလီမီဒီယာများက ထင်ကြေးပေးနေကြခြင်းဖြစ်သည်။

ကွန်တီက ''Repubblica သတင်းစာထဲက ဆောင်းပါးမှာပါတဲ့အချက်တွေကို ကျွန်တော် ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။ ကျွန်တော်ဟာ ဂျူဗင်တပ်စ်ဒါရိုက်တာတွေ၊ ကစားသမားတွေကို ဆက်သွယ်ပြီး ဆာရီကို ထုတ်တော့မှာလားလို့ မေးခဲ့တယ်ဆိုတာကိုပါ။ အဲဒီဆောင်းပါးကို ရေးခဲ့တဲ့သူရယ်၊ အယ်ဒီတာချုပ်ရယ်ကို ကျွန်တော် တရားစွဲသွားဖို့လည်း စီစဉ်နေပါတယ်။ ကျွန်တော် အင်တာကို (၃)နှစ် စီမံကိန်းနဲ့ ရောက်နေတာပါ။ ကျွန်တော် လုပ်နေကျအတိုင်း အောင်မြင်မှုရဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်'' ဟု ANSA သို့ ပြောကြားခဲ့သည်။

ထို့ပြင်  Sky Italia နှင့် တွေ့ဆုံမှုတွင် ကွန်တီသည် ၎င်း၏အနာဂတ်ကို ရာသီကုန်ချိန်တွင် ဥက္ကဋ္ဌနှင့် ဆွေးနွေးပြီးမှ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

Most Read

Most Recent