ပယ်နယ်တီကန်သွင်းမှုများတွင် ဂိုးသမားများ ပိုမိုအခွင့်အရေး ရရှိစေမည့် ဘောလုံးဥပဒေပြင်ဆင်မှုကို IFAB ပြုလုပ်

ပယ်နယ်တီကန်သွင်းမှုများတွင် ဂိုးသမားများ ပိုမိုအခွင့်အရေး ရရှိစေမည့် ဘောလုံးဥပဒေပြင်ဆင်မှုကို IFAB ပြုလုပ်
Published 6 August 2020

နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) သည် ပယ်နယ်တီကန်သွင်းမှုများတွင် ဂိုးသမားများ အခွင့်အရေး ပိုမိုရရှိမည့် ဘောလုံးဥပဒေပြင်ဆင်မှုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ပယ်နယ်တီများ၌ ကန်သွင်းသူက ဘောလုံးကို မထိမီ ဂိုးသမားက မိမိရပ်နေရမည့်ဂိုးစည်းကို ကျော်လွန်ပြီး လှုပ်ရှားမှုများ ရှိခဲ့ပါက ယင်းပယ်နယ်တီကို(ဂိုးမဝင်လျှင်) ပြန်ကန်စေမည်ဖြစ်သည်။ 

ယခုအသစ်ပြင်ဆင်လိုက်သော ဥပဒေအရ ယင်းကဲ့သို့ ကျူးလွန်မှုများရှိလာလျှင် ပယ်နယ်တီပြန်မကန်စေဘဲ သတိပေးမှုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဒုတိယအကြိမ်ကျူးလွန်မှသာ ယင်းဂိုးသမားကို အဝါကတ်ပြ သတိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဂိုးသမားက ပယ်နယ်တီကန်သွင်းသူအား သိသာထင်ရှားစွာ အနှောင့်အယှက်ပေးမှသာ ယင်းပယ်နယ်တီအား (ဂိုးမဝင်ခဲ့လျှင်)ပြန်ကန်စေမည်ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ အဝါကတ်စည်းမျဉ်းကိုလည်း အနည်းပယ်ပြင်ဆင်ခဲ့ပြီး ပွဲအပြီး ပယ်နယ်တီကန်သွင်းမှုများတွင် သာမန်ပွဲချိန်အတွင်းမှ အဝါကတ် ပြစ်ဒဏ်များကို ဆက်လက်ယူဆောင်မည်မဟုတ်ကြောင်းသိရသည်။ 

သို့ ဖြစ်ရာ ပွဲကစားချိန်အတွင်း အဝါကတ် တစ်ကြိမ်ထိထားသော ဂိုးသမားတစ်ဦးအနေဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူမှုတွင် အဝါကတ်အပြခံရပါက ထုတ်ပယ်ခံရမည်မဟုတ်ပေ။

Most Read

Most Recent