ချယ်လ်ဆီးကိုနိုင်ကာ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို ကျေးဇူးတင်သည်ဟု အာတီတာ ဆို

ချယ်လ်ဆီးကိုနိုင်ကာ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကို ကျေးဇူးတင်သည်ဟု အာတီတာ ဆို
Photo: Getty Images
Photo: Getty Images
Published 4 August 2020

အာဆင်နယ်အသင်း၏ နည်းပြ ဖြစ်သူ အာတီတာက ချယ်လ်ဆီးအသင်းကိုနိုင်ကာ ပထမဆုံးဆုဖလား ရယူနိုင်ခဲ့ပြီးနောက် သူလက်ထောက်နည်းပြအဖြစ် လက်တွဲခဲ့ဖူးသည့် ဆရာဟောင်းဂွါဒီယိုလာအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အာတီတာသည် ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် (၃)နှစ်တိုင်အောင် လက်တွဲခဲ့ပြီးနောက် နည်းပြရာထူးကို ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချိန်တစ်နှစ်ပင်မပြည့်သေးသည့် ကာလအတွင်း ပထမဆုံးအောင်မြင်မှုကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

FA ဖ လားကို ဆွတ်ခူးခဲ့ပြီးနောက် အာတီတာက "ကျွန်တော့်မိသားစုကို အရမ်းသတိရနေပါတယ်။ သူတို့က တစ်ချိန်လုံး ကျွန်တော်နဲ့အတူ ရပ်တည်ပေးခဲ့ ကြတဲ့သူတွေပါ။ ပြီးတော့ ဂွါဒီယိုလာကိုလည်း အရမ်းကျေးဇူးတင်တဲ့အကြောင်းပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့နည်းပြအဖွဲ့မှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့အတွက် ကျွန်တော် ဒီလိုအခွင့်အရေးမျိုးကို ရရှိခဲ့တာပါ။ ကျွန်တော် (၁၅)နှစ်သားအရွယ်ကတည်းက သူက ကျွန်တော့်အပေါ် လွှွမ်းမိုးမှုရှိခဲ့သူဖြစ်ပြီး အဲဒီအချိန်တုန်းက သူလည်း ကစားသမားပဲ ရှိပါသေးတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝ၊ ကျွန်တော့်ရဲ့မိသားစုဘ၀ နှစ်ခုစလုံးမှာ သူ့ရဲ့လွှွမ်းမိုးမှုက ကြီးမားပါတယ်။ သူ ကျွန်တော့်ကို ဆက်ဆံခဲ့ပုံအတွက် အရမ်းကျေးဇူးတင်ပြီး ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဘယ်လိုထိတွေ့ဆက်ဆံရမလဲဆိုတာကို သင်ယူခွင့်ရခဲ့တာကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ နည်းပြတစ်ဦးအနေနဲ့ဆိုရင် သူ့ဆီက ကျွန်တော်သင်ယူခဲ့ရတာတွေက အရမ်းများပြီး ဒီအတွေ့အကြုံတွေက တန်ဖိုးမဖြတ်နိုင်ပါဘူး" ဟု ဆိုခဲ့သည်။

Most Read

Most Recent