ဖယ်ရန်တောရက်စ်၏ အပြောင်းအရွှေ့ကို အင်္ဂါနေ့တွင် မန်စီးတီး အပြီးသတ်ဖွယ်ရှိ

ဖယ်ရန်တောရက်စ်၏ အပြောင်းအရွှေ့ကို အင်္ဂါနေ့တွင် မန်စီးတီး အပြီးသတ်ဖွယ်ရှိ
Photo: Daily Mail
Photo: Daily Mail
Published 4 August 2020

မန်စီးတီးအသင်းသည် ဗလင်စီယာအသင်းမှ တောင်ပံကစားသမား ဖယ်ရန်တောရက်စ်အား ခေါ်ယူရန် ကြိုးပမ်းမှုကို အင်္ဂါနေ့တွင် အပြီးသတ်ဖွယ်ရှိကြောင်း သိရသည်။ 

မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက သတင်းထွက်ခဲ့သော်လည်း အပြီးသတ်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသေးပေ။ 

မန်စီးတီးအသင်းတာဝန်ရှိသူများသည် အင်္ဂါနေ့တွင် စပိန်နိုင်ငံသို့ သွားရောက်ကာ စာချုပ်ချုပ်ဆိုရန် စီစဉ်ထားပြီး ယင်းနေ့တွင်ပင် အပြောင်းအရွှေ့သတင်းကို အတည်ပြုကြေညာနိုင်ဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ 

မန်စီးတီးအသင်းသည် ဖယ်ရန်တောရက်စ်ကို (၅)နှစ်စာချုပ် ချုပ်ဆိုမည်ဖြစ်ပြီး ပြောင်းရွှေ့ ကြေးမှာ ထပ်ဆောင်းဆုကြေးများကိုပါ ထည့်တွက်ပါက ပေါင်(၃၇)သန်းအထိ ရှိနိုင်ကြောင်းလည်း သိရသည်။

Most Read

Most Recent