ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူရန် အင်တာမီလန်အသင်း သဘောတူညီမှု ရရှိခဲ့ပြီဟု အီတလီမီဒီယာများ ဖော်ပြ

ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူရန် အင်တာမီလန်အသင်း သဘောတူညီမှု ရရှိခဲ့ပြီဟု အီတလီမီဒီယာများ ဖော်ပြ
Photo: Goal
Photo: Goal
Published 3 August 2020

အင်တာမီလန်အသင်းသည် မန်ယူအသင်းထံမှ အငှားခေါ်ယူထားသော ချီလီတောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။

ဆန်းချက်ဇ်(၃၁)နှစ်သည် ပြီးခဲ့သည့်နှစ် နွေရာသီအပြောင်းအရွှေ့တွင် အင်တာမီလန်အသင်းထံ အငှားဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လစာငွေမြင့်မားမှုကြောင့် မန်ယူအသင်းက အပြီးသတ်ရောင်းထုတ်ရန် ဆန္ဒရှိခဲ့ကြောင်း သိရှိရသည်။

ယခုအခါ ဆန်းချက်ဇ်ကလည်း အင်တာမီလန်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခွင့်ရပါက လစာငွေလျှော့ယူပေးမည်ဟု ဆိုခဲ့သည့်အတွက် အသင်းနှစ်သင်း ညှိနှိုင်းခဲ့ကြပြီး ပြောင်းရွှေ့ကြေး ယူရို(၁၄)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် ဆန်းချက်ဇ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ပြီး ယခုအပြောင်းအရွှေ့သတင်းကို လာမည့်ရက်ပိုင်းအတွင်း အတည်ပြုကြေညာသွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။

Most Read

Most Recent