လူငယ်ကြယ်ပွင့် အန်ဆူဖာတီကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို၍ ပေါင်သန်း(၃၆၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုရန် ဘာစီလိုနာအသင်း စီစဉ်နေ

လူငယ်ကြယ်ပွင့် အန်ဆူဖာတီကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို၍ ပေါင်သန်း(၃၆၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုရန် ဘာစီလိုနာအသင်း စီစဉ်နေ
Photo: PA Images
Photo: PA Images
Published 3 August 2020

ဘာစီလိုနာအသင်းသည် အနာဂတ်ကာလတွင် အသင်း၏ ဦးဆောင်ကစားသမား ဖြစ်လာမည့်သူဟု သတ်မှတ်ထားသော လူငယ်ကြယ်ပွင့် တောင်ပံကစားသမား အန်ဆူဖာတီကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို၍ ပေါင်သန်း(၃၆၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။

အန်ဆူဖာတီသည် အသက်(၁၇)နှစ်သာရှိသေးသော်လည်း ထိပ်တန်းကစားသမားဖြစ်လာမည့်သူဟု သုံးသပ်ခံထားရပြီး ပြိုင်ဘက်အသင်းများကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အန်ဆူဖာတီကို ဘာစီလိုနာအသင်းက လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုကာ အသင်းတွင် ထိန်းသိမ်းထားနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ပြိုင်ဘက်အသင်းများ အလွယ်တကူ မခေါ်ယူနိုင်ရန်အတွက် ပေါင်သန်း(၃၆၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုသွားမည်ဟုလည်း သိရှိရသည်။

ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲစုံ(၃၂)ပွဲကစားကာ (၈)ဂိုးသွင်းယူပေးခဲ့သည့် အန်ဆူဖာတီကို လုံးဝရောင်းထုတ်မည်မဟုတ်ကြောင်းလည်း ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက ပြောကြားထားသည်။

Most Read

Most Recent