ပရီးမီးယားလိဂ်ရာသီသစ် ပြန်စမည့်အချိန်မှာ စောလွန်းနေသည်ဟု လမ်းပတ် ဝေဖန်

ပရီးမီးယားလိဂ်ရာသီသစ် ပြန်စမည့်အချိန်မှာ စောလွန်းနေသည်ဟု လမ်းပတ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 3 August 2020

ချယ်လ်ဆီးအသင်း၏ နည်းပြ လမ်းပတ်က ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ရာသီသစ် ပြန်စမည့်အချိန်မှာ စောလွန်းနေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စက်တင်ဘာလ(၁၂)ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ယခုလတတိယပတ်တွင် ပွဲစဉ်ဇယား ထုတ်ပြန်ဖွယ်ရှိနေသည်။

ချယ်လ်ဆီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့တွင် ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးနိမ့်ထားသည့်အတွက် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် မလွယ်တော့သေ်ာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရလျှင်ပင် ပရီးမီးယားလိဂ်ရာသီသစ်မစမီ (၃၅)ရက်သာ နားရက်ရရှိမည်ဖြစ်သည်။

ထို့ကြောင့် လမ်းပတ်က ''ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ အဆင့်အတန်းရှိရှိကစားနိုင်ဖို့အတွက် ကစားသမားတွေ နားချိန်လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ (၁၂)ရက်နေ့မှာ ပြိုင်ပွဲပြန်ကစားရမှာက စောလွန်းတယ်လို့ ခံစားရပါတယ်'' ဟုပြောကြားခဲ့သည်။

လမ်းပတ်သည် အသင်းမှ ကစားသမားအချို့ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရခြင်းကြောင့် နားချိန်ပိုမိုရရှိရန် လိုလားနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်သည့် ပရီးမီးယားလိဂ်အသင်းများ ရှိလာခဲ့လျှင်မူ ယင်းအသင်းများမှာ ရက်ပေါင်း(၂၀)ဝန်းကျင်သာ နားရက်ရရှိမည်ဖြစ်သည်။

Most Read

Most Recent