မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် ယခုရာသီထက် ပိုကောင်းသည့် အခွင့်အရေးမရှိဟု ရွန်နီ သုံးသပ်

မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် ယခုရာသီထက် ပိုကောင်းသည့် အခွင့်အရေးမရှိဟု ရွန်နီ သုံးသပ်
Photo: AFP
Photo: AFP
Published 3 August 2020

မန်ယူအသင်း၏ တိုက်စစ်မှူးဟောင်း ရွန်နီက မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် ယခုရာသီထက် ပိုကောင်းသည့် အခွင့်အရေးမရှိဟု သုံးသပ်မှုပြုလုပ်ခဲ့သည်။

ရွန်နီသည် The Times  တွင် ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ပတ်သက်ပြီး သုံးသပ်ရေးသားမှု ပြုလုပ်ရာ၌ ''မန်စီးတီးအသင်းအတွက် ဒီထက်ကောင်းတဲ့ အခွင့်အရေး မရှိပါဘူး။ ရာမို့စ် ပွဲပယ်ခံထားရတာကြောင့် ရီးယဲလ်ခံစစ်က ဟာကွက်အကြီးကြီးဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် မန်စီးတီးအသင်း ဂိုးသွင်းနိုင်မယ်လို့လည်း ထင်ပါတယ်။ မန်စီးတီးက (၀-၁)ဂိုးနဲ့ ရှုံးရင်တောင် နောက်တစ်ဆင့်တက်ပါပြီ။ ဒါပေမဲ့  ဂွါဒီယိုလာက မက်ဒရစ်မှာ အံ့အားသင့်စရာကောင်းအောင် လုပ်ပြနိုင်ခဲ့သလို၊ အီတီဟတ်မှာလည်း လုပ်ပြနိုင်လိမ့်ဦးမယ်လို့ ထင်ပါတယ်။ အဲဒီပွဲမှာ ကြောင်နဲ့ ကြွက် ကစားသလို ဖြစ်နိုင်ပါတယ်'' ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ရွန်နီက မန်စီးတီးအသင်းအနေဖြင့် ချန်ပီယံလိဂ်၌ အစဉ်အလာကြီးသော ရီးယဲလ်အသင်းကို ကျော်ဖြတ်ကာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် အခြေအနေကာင်းနေပြီဖြစ်သောကြောင့် ယခုရာသီတွင် ချန်ပီယံလိဂ်ဖလား ရယူနိုင်ရန် အလားအလာကောင်းနေပြီဟု သုံးသပ်ခဲ့ခြင်းလည်းဖြစ်သည်။

Most Read

Most Recent