ပြိုင်ဘက်ကစားသမား သို့မဟုတ် ဒိုင်လူကြီးကို မျက်နှာမူ၍ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးချောင်းဟန့်ခြင်း ပြုလုပ်ပါက အနီကတ်ပြထုတ်ပယ်သည်အထိ အရေးယူအပြစ်ပေးရန် FA စီစဉ်

ပြိုင်ဘက်ကစားသမား သို့မဟုတ် ဒိုင်လူကြီးကို မျက်နှာမူ၍ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးချောင်းဟန့်ခြင်း ပြုလုပ်ပါက အနီကတ်ပြထုတ်ပယ်သည်အထိ အရေးယူအပြစ်ပေးရန် FA စီစဉ်
Photo: Sky Sports
Photo: Sky Sports
Published 3 August 2020

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် ကိုရိုနာကပ်ဘေးကာလအတွင်း ဘောလုံးပွဲများ၌ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် လာမည့်ရာသီတွင် စည်းမျဉ်းသစ်များ ချမှတ်သွားမည်ဖြစ်ရာ ပြိုင်ဘက်ကစားသမား သို့မဟုတ် ဒိုင်လူကြီးကို မျက်နှာမူ၍ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးချောင်းဟန့်ခြင်း ပြုလုပ်သည့် ကစားသမားအား အနီကတ်ပြထုတ်ပယ်သည်အထိ အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းကဲ့သို့ ပြုမူခြင်းကို အားကစားသမား မပီသသည့်အပြုအမူအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ပြိုင်ဘက်အား ဆဲရေးခြင်း၊ ရန်ပြုခြင်းများနည်းတူ အရေးယူအပြစ်ပေးရန် စီစဉ်ခြင်းလည်းဖြစ်သည်။

ထို့ပြင် လိုအပ်ပါက ရဲတပ်ဖွဲ့မှ ထပ်မံအရေးယူနိုင်သော ပြစ်မှုအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သို့သော် ပုံမှန်အတိုင်း ချောင်းဆိုးချောင်းဟန့်မိခြင်းများကို အရေးယူမည်မဟုတ်သလို၊ ဘောလုံးကွင်းထဲ တံတွေးထွေးခြင်းကိုလည်း သတိပေးမှုသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent