အီတလီစီးရီးအေပွဲစဉ် (၃၈)ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၈)ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 2 August 2020

SPAL - ဖီအိုရင်တီးနား (တနင်္ဂနွေည ၁ဝး၃၀ နာရီ)

စီးရီးအေနှုတ်ဆက်ပွဲမှာ SPAL က ဖီအိုရင်တီးနားကို တတ်စွမ်းသလောက်ခုခံပါလိမ့်မယ်။ ဒါပေမဲ့ ဖီအိုရင်တီးနားက စုဖွဲ့မှုပိုကောင်းပြီး ကစားပုံလည်းတိုးတက်လာတယ်။ အမှတ် လေလွင့်မှုများတယ်ဆိုပေမယ့် တကယ်အားစိုက်ကစားရင် SPAL ကို အနိုင်ရဖို့မခက်ပါဘူး။  

ဂျီနိုအာ - ဗီရိုနာ (တနင်္လာနံနက် ၁း၁၅ နာရီ)

ကစားသမားကောင်းတွေရှိပေမယ့် တန်းဆင်းဇုန်က လွတ်အောင် မနည်းရုန်းကန်ခဲ့ရတာ ဂျီနိုအာအတွက် စိတ်ပျက် စရာကောင်းပါတယ်။ ဗီရိုနာကလည်း ဘာမျှော်လင့်ချက်၊ ဘာ ဖိအားမှမရှိတော့တဲ့နောက် ကစားပုံအားနည်းချက်တွေများလာ ပြီး ရလဒ်တွေလည်း မကောင်းတော့ဘူး။ ခံစစ်ကလည်း ဂိုးတွေ ဆက်တိုက်ပေးနေရလို့ ဂျီနိုအာ အခွင့်အရေးယူနိုင်မယ်ထင်ပါ တယ်။ ဂျီနိုအာ အနိုင်ကစားမယ်။

လက်ချီ - ပါးမား (တနင်္လာနံနက် ၁း၁၅ နာရီ)

ပါးမားရဲ့ တောင်ပံတိုက်စစ်က Restart ကာလအစော ပိုင်းမှာ ပျောက်ဆုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ (၂)ပွဲလောက်ကစတင်ပြီး ပြန်လည်ထက်မြက်လာတယ်။ လက်ချီက မျှော်လင့်ချက်မရှိ တော့ဘူးဆိုရင် ပါးမားကို ဘယ်လိုနည်းနဲ့မှ အနိုင်ကစားနိုင်မှာ မဟုတ်ဘူး။ ခံစစ်ကလည်း ပါးမားရဲ့တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ လက်ချီ တစ်မှတ်ထက်ပိုမမျှော်လင့် သင့်ဘဲ ပါးမားပဲ အနိုင်ရဖို့များပါတယ်။

ဘိုလော့ဂ်နာ - တိုရီနို (တနင်္လာနံနက် ၁း၁၅ နာရီ)

ဘိုလော့ဂ်နာရဲ့သဘာဝက ပြိုင်ဘက်ကို အလျှော့မပေး ဘဲ ကစားတတ်တာပါပဲ။ ရာသီပိတ်ပွဲဖြစ်သလို၊ အိမ်ကွင်းမှာ လည်းဖြစ်နေလို့ ရလဒ်ကောင်းအောင် ဘိုလော့ဂ်နာ မဖြစ်မနေ ကြိုးစားပါမယ်။ တိုရီနိုက ရလဒ်တွေ ယိမ်းယိုင်နေပေမယ့် ခံစစ်  မတည်ငြိမ်တဲ့ ဘိုလော့ဂ်နာကြောင့် အမှတ်ရနိုင်တယ်။

ဆာဆူအိုလို - အူဒီးနီးစ် (တနင်္လာနံနက် ၁း၁၅ နာရီ)

ဆာဆူအိုလိုက နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးရွား လာပါတယ်။ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီတို့နဲ့ပွဲကျပ်တွေ ရင်ဆိုင်ခဲ့ရလို့လည်း ဆာဆူအိုလို ရလဒ်တွေဆိုးခဲ့တာပါပဲ။ အူဒီး နီးစ်က ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့အထိ ဦးမော့နေပေမယ့် သိပ် ပြီးစိတ်ချလို့မရပါဘူး။ ဆာဆူအိုလိုတိုက်စစ်က ဘယ်ရာဒီ၊ ကာပူ တိုတို့နဲ့ တွဲလုံးတွေကောင်းမွန်လို့ အူဒီးနီးစ် ဂိုးပေးရပါမယ်။ ဆာ ဆူအိုလို (၂-၁)လောက်နဲ့ နိုင်မယ်။

Most Read

Most Recent