ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်သဖြင့် ရှက်ဖီးဝင်းစ်ဒေးအသင်း (၁၂) မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရ

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်သဖြင့် ရှက်ဖီးဝင်းစ်ဒေးအသင်း (၁၂) မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရ
Photo: Getty Images
Photo: Getty Images
Published 2 August 2020

လိဂ်ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝင်းစ် ဒေးအသင်းသည် အင်္ဂလိပ်ဘောလုံးလိဂ် (EFL) ၏ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ကြောင့် (၁၂) မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရ ကြောင်း သိရသည်။

လွတ်လပ်သောတရားစီရင်ရေးအဖွဲ့၏ စစ်ဆေးမှုအရ ရှက်ဖီးဝင်းစ်ဒေးအသင်းသည် (၃)ရာသီအတွင်း အမြင့်ဆုံး ပေါင် (၃၉) သန်း ထက် အရှုံးမပေါ်ရသည့်စည်းမျဉ်းနှင့် ကိုက် ညီစေရန် ၂၀၁၈ ခုနှစ် ဇူလိုင်တွင် ဟေးလ်ဘရော့ကွင်းအား အသင်းပိုင်ရှင် ထိုင်းသူဌေး ချန်ဆီရီကို ရောင်းချရာ၌ အကျိုးအမြတ်ရယူ ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့(၁၂) မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရ ခြင်းဖြစ်ပြီး ပြစ်ဒဏ်ကိုမူ လာမည့် ၂၀၂၀-၂၀၂၁ ရာသီမှသာ ကျခံရမည်ဖြစ်သည်။ ရှက်ဖီးဝင်းစ်ဒေးအသင်းသည် ပြီးဆုံးခဲ့သည့် ၂၀၁၉-၂၀ ရာသီလိဂ်ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် တန်းဆင်းဇုန်နှင့် (၈)မှတ်အကွာ အဆင့် (၁၆) နေရာ ရပ်တည်နိုင်ခဲ့သည်။

Most Read

Most Recent