လီဗာပူးလ်နောက်ခံလူ လိုဗရန် ဇင်းနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၃)နှစ်စာချုပ် ချုပ်ဆို

လီဗာပူးလ်နောက်ခံလူ လိုဗရန် ဇင်းနစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၃)နှစ်စာချုပ် ချုပ်ဆို
Photo: Zenit
Photo: Zenit
Published 27 July 2020

လီဗာပူးလ်အသင်း၏ ၀ါရင့်နောက်ခံလူ လိုဗရန်(၃၁ နှစ်)သည် ရုရှားကလပ် ဇင်းနစ်အသင်းသို့ ယူရို(၁၂)သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရှိရသည်။

ခရိုအေးရှားလက်ရွေးစင်ကစားသမား လိုဗရန်သည် လီဗာပူးလ်အသင်းတွင် (၆)ရာသီအတွင်း ပွဲပေါင်း(၁၈၅)ပွဲ ကစားပေးခဲ့သူဖြစ်သည်။

သို့သော် ယခုနောက်ပိုင်းရာသီများတွင် ပွဲကစားခွင့်အနည်းငယ်သာ ရရှိသည့်အတွက် အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ဇင်းနစ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။

ဇင်းနစ်အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့သည့် လိုဗရန်က ''အခုအပြောင်းအရွှေ့အတွက် ကျွန်တော် ပျော်ရွှင်မိသလို၊ ဇင်းနစ်အသင်းနဲ့ လက်တွဲရတာကိုလည်း ဂုဏ်ယူပါတယ်။ ဒီအပြောင်းအရွှေ့အတွက် ဦးဆောင်ခဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ ကျေနပ်အောင် ကျွန်တော် ကြိုးစားသွားမှာပါ။ မကြာခင်မှာ ပရိသတ်အားလုံး ကွင်းထဲပြန်ဝင်ကြည့်ခွင့် ရလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်'' ဟုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းကလည်း အသင်းအတွက် လိုဗရန်၏ စွမ်းဆောင်ပေးခဲ့မှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် အသင်းသစ်တွင် အောင်မြင်မှု ရရှိပါစေကြောင်း ဆုတောင်းပေးခဲ့သည်။

Most Read

Most Recent