တစ်ပတ်အတွင်း ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၄၃၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး အနိမ့်ဆုံးနှုန်း ကျပ် ၁၂၅၇၀၀၀ (ဇူလိုင် ၂၀ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၃၀၀၀၀၀ (ဇူလိုင် ၂၂ ရက်) အထိ ဖြစ်ပေါ်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။
ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက်တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်၌ ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်၌ ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိ မြင့်တက်ခဲ့သည်။ သြဂုတ်လအတွင်း၌လည်း စံချိန်သစ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃ ရက်၌ ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၇ ရက်၌ ကျပ် ၁၂၀၃၀၀၀၊ သြဂုတ် ၁၃ ရက်၌ ကျပ် ၁၂၃၇၀၀၀၊ သြဂုတ် ၂၆ ရက်၌ ကျပ် ၁၂၄၉၀၀၀၊ သြဂုတ် ၂၉ ရက်၌ ကျပ် ၁၂၆၃၀၀၀၊ စက်တင်ဘာ ၄ ရက်တွင် ကျပ် ၁၂၈၂၀၀၀၊ စက်တင်ဘာ ၅ ရက် တွင် ကျပ် ၁၃၁၅၀၀၀ အထိ စံချိန်သစ်များ တင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်း အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀ ဖြစ်သည်။
ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၂ ရက်တွင် ကျပ် ၁၃၀၀၀၀၀ တန်းကို ပြန်ရောက်လာခဲ့သည်။
ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံး ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ကျပ် ၁၁၉၂၀၀၀- ၁၂၃၇၀၀၀၊ ဖေဖော်ဝါရီတွင် ကျပ် ၁၂၁၄၀၀၀- ၁၂၆၂၂၀၀၊ မတ်တွင် ကျပ် ၁၁၃၆၀၀၀- ၁၂၂၅၀၀၀၊ ဧပြီတွင် ကျပ် ၁၁၄၅၀၀၀- ၁၁၉၄၀၀၀၊ မေ၌ ကျပ် ၁၁၆၉၅၀၀- ၁၂၃၆၀၀၀၊ ဇွန်၌ ကျပ် ၁၂၀၇၅၀၀- ၁၂၂၀၀၀၀ ဖြစ်သည်။
လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၉ ခုနှစ် ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၄၅၀- ၁၅၄၂ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၄၈၃- ၁၅၅၂ ဒေါ်လာ၊ အောက်တိုဘာ၌ ၁၄၇၂- ၁၅၁၂ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၄၅၅- ၁၅၁၃ ဒေါ်လာ၊ ဒီဇင်ဘာ၌ ၁၄၅၆- ၁၅၁၄ ဒေါ်လာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၅၂၈- ၁၅၈၉ ဒေါ်လာ၊ ဖေဖော်ဝါရီတွင် ၁၅၄၉- ၁၆၅၉ ဒေါ်လာ၊ မတ်တွင် ၁၄၆၇- ၁၆၇၃ ဒေါ်လာ၊ ဧပြီတွင် ၁၅၆၈- ၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃- ၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀- ၁၇၇၉ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၄၀ ဝန်းကျင်မှ ဒေါ်လာ ၂၀၀ ကျော်အထိ ရှိခဲ့သည်။










