ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) ပွဲကြိုသုံးသပ်ချက်
Photos: AFP
Photos: AFP
Published 26 July 2020

ပွဲစဉ် (၃၇) ပြီးတဲ့အထိ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် (၂)နေရာကို (၃)သင်း၊ တန်းဆင်းဇုန်တိုက်ပွဲအတွက် (၂)နေရာကို (၃)သင်းတို့ အကြိတ်အနယ်ကစားရဦးမှာဖြစ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ကလည်း အခု အချိန်အထိ အဆင့် (၆)အထိလား၊ 

(၇)အထိလား မသဲကွဲသေးပါဘူး။ ချန်ပီယံအစောဆုံးပေါ် ခဲ့တဲ့ အခြေအနေကလွဲရင် ဒီရာသီက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်လို့ ပြောရမယ်။ အခုအချိန်အထိ ချန်ပီယံ လိဂ်ကို ပရီးမီးယားလိဂ် (၅)သင်းဖြစ်သွားနိုင်တဲ့အခွင့်အရေးလည်း ရှိနေပါသေးတယ်။ 

အခု ပွဲစဉ် (၃၈)မှာတော့ အသင်းအားလုံး တစ်ပြိုင်တည်းကစားရမှာဖြစ်ပြီး ဘယ်အသင်းတွေ ရည်မှန်းချက် အောင်မြင်မယ်၊ ကျရှုံးသွားမလဲဆိုတာကို နောက်ဆုံးအချိန်အထိ ရင်ခုန်ရမယ့်သဘောရှိပါတယ်။

အာဆင်နယ် - ဝက်ဖို့ဒ် (တနင်္ဂနွေည ၉း၃၀ နာရီ)

အာဆင်နယ်က ဘာအတွက်မှ ဒီပွဲကိုအနိုင်ကစားစရာမရှိတော့ဘဲ FA ဖလားဗိုလ် လုပွဲကိုပဲ အာရုံစိုက်ရတော့မှာပါ။ ဝက်ဖို့ဒ်ကတော့ ပြီးခဲ့တဲ့ပွဲက ရလဒ်တွေအရ တန်းဆင်း ဇုန်ထဲရောက်သွားပြီး နိုင်ရင်တောင် စိတ်မချရတဲ့အခြေအနေဖြစ်သွားပြီ။ ဒါပေမဲ့ မဖြစ်မနေနိုင်ဖို့ ရုန်းကန်ရမှာပါ။ ခက်တာက ပရီးမီးယားလိဂ်မှာ မျှော်လင့်ချက်မရှိတဲ့အသင်းတွေ လည်း ရုပ်ပျက်ဆင်းပျက် အလျှော့ပေးတာမျိုးမရှိပါဘူး။ အာဆင်နယ်ပဲ ကြိုက်တယ်။ 

ဘန်လေ - ဘရိုက်တန် (တနင်္ဂနွေည ၉း၃၀ နာရီ)

ဖိအားမရှိ၊ ပစ်မှတ်မရှိ၊ သက်သောင့်သက်သာနဲ့ နိုင်ပွဲရဖို့ အပြိုင်ကစားကြမယ့်ပွဲမျိုး ဖြစ်တယ်။ ဘရိုက်တန်ကတော့ နောက်ပိုင်းပွဲတွေမှာ စိတ်ဖိစီးမှုတွေရှိခဲ့သမျှ လုံးဝစိတ်ဒုံး ဒုံးချပြီး ကစားရမယ့်ပွဲပါ။ လက်ရှိခြေစွမ်းပိုင်းနဲ့ ရလဒ်ပိုင်းကိုကြည့်ရင် ဘန်လေကသာ ပါ တယ်။ ဒါပေမဲ့ ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟမှု ကြီးကြီးမားမားမရှိပါဘူး။ ဘန်လေ နိုင်ဖို့များပြီး၊ (၂-၁)လောက်ဖြစ်မယ်။ 

ချယ်လ်ဆီး - ဝုလ်ဗ် (တနင်္ဂနွေည ၉း၃၀ နာရီ)

ချယ်လ်ဆီးက ဒီပွဲမတိုင်ခင်မှာ လီဗာပူးလ်ကို ရှုံးခဲ့ပေမယ့်  လက်စတာထက် (၁) မှတ်သာနေဆဲဖြစ်ပြီး အဆင့် (၄) နေရာမှာ ရပ်တည်နေတယ်။ တကယ်လို့ ဒီပွဲမှာ ရှုံးခဲ့ပြီး လက်စတာကလည်း မန်ယူကို နိုင်ခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးချန်ပီယံလိဂ်ဝင်ခွင့်မရတော့ပါဘူး။ 

ဒါပေမဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိပြီး အိမ်ကွင်းမှာ သရေတစ်မှတ်ရရုံနဲ့ ချန်ပီယံလိဂ်ဝင် ခွင့်ရမယ့် အခွင့်အရေးကို ချယ်လ်ဆီး လွှင့်မပစ်လောက်ပါဘူး။ တစ်ဖက်မှာ ဝုလ်ဗ်ကလည်း စပါးနဲ့ အဆင့် (၆)နေရာတိုက်ပွဲက အရေးကြီးပါတယ်။ 

ယူရိုပါလိ်ဂ်ဝင်ခွင့်က အခြားပြိုင်ပွဲတွေရဲ့ရလဒ်ကို စောင့်ရဦးမယ့်အခြေအနေမှာ အဆင့် (၆)ကို ဆုပ်ကိုင် ထားနိုင်ဖို့က အရေးကြီးတယ်။ ဒါကြောင့် ဝုလ်ဗ်ကတော့  သရေရလဒ်နဲ့ ကျေနပ်မယ့်အသင်းမဟုတ်ဘူးလို့ ယူဆရတယ်။ 

ဒီ ရာသီမှာ ချယ်လ်ဆီးရဲ့အကောင်းဆုံးပွဲက ဝုလ်ဗ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး လက်ရှိအခြေအနေအရလည်း ချယ်လ်ဆီးက နိုင်ပွဲယူဖို့ အခွင့်အရေးသာနေပါတယ်။ ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။ 

ခရစ္စတယ်ပဲလေ့စ် - စပါး (တနင်္ဂနွေည ၉း၃၀ နာရီ)

စပါးက ရှက်ဖီးယူနိုက်တက်ကို ရှုံးပြီးကတည်းက ရလဒ်ကောင်းတွေ ဆက်တိုက်ယူ နေတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ဆန့်ကျင်ဘက်ပါပဲ။ တန်းဆင်းဖို့မရှိတော့ဘူး။ အ မှတ်မလိုတော့ဘူး။ ရလဒ်တွေက ဆက်တိုက်ဆိုးနေတယ်။ ခြေစွမ်းလည်းမကောင်းဘူး။ ခံစစ်ပြဿနာရှိတယ်။ တိုက်စစ်က ဂိုးရနည်းလာတယ်။ ဒီအခြေအနေမှာ စပါးဆီက အမှတ်ခွဲယူနိုင်မယ်မထင်ဘူး။ မဖြစ်မနေ အနိုင်ကစားရမယ့် စပါးကိုပဲ ကြိုက်တယ်။ 

အဲဗာတန် - ဘုန်းမောက် (တနင်္ဂနွေည ၉း၃၀ နာရီ)

အက်စတွန်ဗီလာနဲ့ ဝက်ဖို့ဒ်တို့နှစ်သင်းစလုံး ရှုံးပြီး ဘုန်းမောက်က နိုင်ခဲ့မယ်ဆိုရင် ဒီနှစ်သင်းစလုံးရဲ့အထက်ကိုတက်ပြီး အဆင့် (၁၇)နေရာကနေ ဘုန်းမောက်က လွတ်သွား နိုင်ခြေရှိတယ်။ အဲဗာတန်က ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ခြေကုန်ထုတ်ခဲ့သလို၊ ဒီပွဲလည်း အာရုံစိုက်ကစားမှာပဲ။ ဒါပေမဲ့ သေရေးရှင်ရေးဖြစ်နေတဲ့ ဘုန်းမောက်က မျှော်လင့်ချက်အ နည်းငယ်အတွက် မထင်မှတ်တာလုပ်ပြမလားကြည့်ရမယ်။ ဘုန်းမောက်ကိုကြိုက်တယ်။ 

လက်စတာ - မန်ယူ (တနင်္ဂနွေည ၉း၃၀ နာရီ)

ပွဲစဉ် (၃၈)မှာ သေရေးရှင်ရေးပွဲတစ်ပွဲကို ကစားရတယ်ဆိုတာ တကယ့် ငရဲခန်းလိုပဲ။ ပြီးတော့ ဗိုလ်လုပွဲတစ်ပွဲနဲ့လည်း တူတယ်။ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ မန်ယူက သရေသာကစားနိုင်ခဲ့ပေမယ့် လက်စတာ ရှုံးထားတာ၊ ချယ်လ်ဆီးကပါ ရှုံးပွဲတွေ့ခဲ့တာတွေကြောင့် အဆင့် (၃)နေရာအထိ တက်လာခဲ့တယ်။ လက်ရှိခြေစွမ်းအရ လက်စတာလည်းအားနည်းနေတာ မှန်ပေမယ့် မန်ယူက ပိုကောင်းတယ်လို့ မပြောရဲတဲ့ အခြေအနေဖြစ်သွားတယ်။ ပရီးမီးယားလိဂ်မှာ ခြေမှန်လာပြီးမှာ ချယ်လ်ဆီးကို ရှုံး၊ ဝက်စ်ဟမ်းနဲ့ သရေကျခဲ့တဲ့ပွဲတွေမှာ မန်ယူရဲ့အသင်းလိုက်ပုံစံရော၊ ကစားသမားတစ်ဦးချင်းရဲ့ စွမ်းဆောင်  ရည်ပါ စိတ်ပျက်စရာဖြစ်ခဲ့တယ်။ ဒါ့အပြင် ဒီပွဲက လက်စတာအတွက် ဗိုလ်လုပွဲ လို့ ကစားရမယ့်ပွဲဖြစ်ပြီး ဖောင်ဖျက်ကစားရမှာပါ။  ချယ်လ်ဆီး အရှုံးကို စောင့်ပြီးသရေကစားဖို့ ရွေးချယ်ရမယ့်ပွဲမျိုးမဟုတ်ဘူး။ မန်ယူအတွက်စိုးရိမ်စရာရှိတယ်။ ဒါပေမဲ့ မန်ယူက ဒီလိုအခြေအနေတွေမှာ တန်ပြန်တိုက်စစ်ကောင်းပါတယ်။ မန်ယူ သရေတော့ထိန်းကစားနိုင်မယ်ထင်တယ်။ 

မန်စီးတီး - နောဝစ်ချ် (တနင်္ဂနွေည ၉း၃၀ နာရီ)

ဂွါဒီယိုလာက ဝက်ဖို့ဒ်ကိုတောင် အာရုံစိုက်ကစားခဲ့ရင် ဒီပွဲကိုလည်း အာရုံစိုက်က စားဖို့ သေချာတယ်။ FA ဖလားပွဲတွေကို ရီးယဲလ်နဲ့ပွဲအတွက် ပြင်ဆင်မှုအဖြစ် ရည်ရွယ် ခဲ့ပေမယ့် ထွက်ခဲ့ရတဲ့အချိန်မှာ ဒီပွဲတွေက ပြန်အရေးကြီးသွားတယ်။ မန်စီးတီးအတွက် (၃)မှတ်က  အရေးမကြီးပေမယ့် ပြင်ဆင်မှုကောင်းဖြစ်ဖို့၊ ဒီဘရိုင်းနား Assist တွေရဖို့၊ ဂိုးတွေသွင်းဖို့ အရေးကြီးနေဆဲပါ။ ဂိုးပြတ်သွင်းဦးမှာပဲ။ 

နယူးကာဆယ် - လီဗာပူးလ် (တနင်္ဂနွေည ၉း၃၀ နာရီ)

အမှတ်မလိုတဲ့ နှစ်သင်း၊ ဖိအားလည်းမရှိဘူး။ ဒါပေမဲ့ အမှတ်ပေးချန်ပီယံဖြစ်သွား တဲ့အသင်းတစ်သင်းအနေနဲ့ နိုင်ပွဲနဲ့ ရာသီပိတ်ချင်နေမယ့် လီဗာပူးလ်ရဲ့ တွန်းအားကို စဉ်း စားရမယ်။ လီဗာပူးလ်က လူစုံပွဲထွက်လာဖို့ ရှိတယ်။ ဂိုးတွေသွင်းနိုင်ဖို့ ကြိုးစားလိမ့်မယ်။ စတိဗ်ဘရုစ်ကတော့ ထုံးစံအတိုင်း ခံစစ်ပဲ ကစားမှာပဲ။ ဒါပေမဲ့ လီဗာပူးလ်တိုက်စစ်ကို မထိန်းချုပ်နိုင်လောက်ပါဘူး။ လီဗာပူးလ်ပဲ နိုင်မယ်။ 

ဆောက်သမ်တန် - ရှက်ဖီးယူနိုက်တက် (တနင်္ဂနွေည ၉း၃၀ နာရီ)

နောက်ဆုံးတော့ ရှက်ဖီးယူနိုက်တက်က မျှော်လင့်ချက်မဲ့သွားပြီ။ မျှော်လင့်ချက်ရှိ နေလည်း ဆောက်သမ်တန်က အမှတ်လိုတယ်ဆိုတဲ့အသင်းတိုင်းကို ဒုက္ခပေးခဲ့တဲ့အသင်း ပါ။ လက်စတာကို (၉)ဂိုးပြတ် ရှုံးခဲ့ပြီးကတည်းက ဘယ်ပွဲကိုမှ လျှော့မကစားခဲ့ဘူး။ ဒီပွဲ လည်း ဆောက်သမ်တန် အစွမ်းကုန်ရုန်းလိမ့်မယ်။ လက်ရှိခြေစွမ်းအရလည်း ဆောက်သမ် တန်ကို ပိုကြိုက်တယ်။ 

ဝက်စ်ဟမ်း - အက်စတွန်ဗီလာ  (တနင်္ဂနွေည ၉း၃၀ နာရီ)

ဝက်စ်ဟမ်းက ဒီပွဲမတိုင်ခင်မှာ အမှတ်အရမ်းလိုနေတဲ့ မန်ယူနဲ့ ကစားထားပြီး၊ ဒီပွဲ မှာလည်း သေရေးရှင်ရေးဖြစ်နေတဲ့ ဗီလာနဲ့ ကစားရမယ်။ သူတို့ကိုယ်တိုင်အမှတ်လိုနေ တဲ့ အချိန်တုန်းက ဘယ်အသင်းမှ လျှော့မကစားခဲ့တဲ့ ခံစားချက်ကို ကောင်းကောင်းနား လည်ထားရင် ဒီပွဲကိုလည်း ဝက်စ်ဟမ်း အလျှော့ပေးမှာမဟုတ်ပါဘူး။ ဗီလာရဲ့ခြေ စွမ်းပိုင်း ကလည်းတိုးတက်လာတယ်။ (၃)မှတ်မယူနို်င်ရင်တောင် (၁)မှတ်တော့ဗီလာရမှာပါ။

Most Read

Most Recent