အီတလီစီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 26 July 2020

ဘိုလော့ဂ်နာ - လက်ချီ (တနင်္ဂနွေည ၉း၄၅ နာရီ)

တန်းဆင်းဇုန်က လွတ်မြောက်ခွင့်မျှော်လင့်ချက်ခပ်ရေး ရေးအတွက် လက်ချီ ရုန်းကန်ဦးမယ်ထင်တယ်။ ဘိုလော့ဂ်နာက  ခြေစွမ်းမဆိုးပေမယ့် ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရ တယ်။ ဒီပွဲမှာ ဘိုလော့ဂ်နာ အမှတ်ပြန်ရှာနိုင်ပြီး လက်ချီ တစ် မှတ်ထက်ပိုမရပါဘူး။

ရိုးမား - ဖီအိုရင်တီးနား (တနင်္ဂနွေည ၁၂းဝ၀ နာရီ)]

ရိုးမားက ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်အတွက် အမှတ်လိုအပ်နေပါတယ်။ ဖီအို ရင်တီးနားက နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပြသပြီး တန်းဆင်းဇုန်ထဲကနေ အကောင်း ဆုံးရုန်းထွက်နိုင်ခဲ့ပါတယ်။ ကစားပုံအရ ရိုးမားကို ဖီအိုရင်တီးနား ယှဉ်ကစားနိုင်သလို၊ ရီ ဘာရီရဲ့ တစ်ချက်ကောင်းထိုးဖောက်မှုတွေကိုလည်း ရိုးမား သတိထားရပါမယ်။ နှစ်သင်း ပေါင်းသွင်းဂိုး အနည်းဆုံး (၃)ဂိုးအထိ ရှိနိုင်ပြီး ရိုးမား အမှတ်ရနိုင်တယ်။

ဗီရိုနာ - လာဇီယို (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

 ဗီရိုနာက အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့အသင်း ဖြစ်ပေမယ့် အစဉ်အလာအရ လာဇီယို သိပ်ပြီးကြောက်ရတဲ့ပြိုင် ဘက်မဟုတ်ပါဘူး။ ဒါပေမဲ့ restart ကာလမှာ လာဇီယို ဖရို ဖရဲဖြစ်နေတာကို မပြောင်းလဲနိုင်သေးဘူး။ တိုက်စစ်တွဲလုံးတွေ အရင်လိုမထက်မြက်တော့ဘဲ ခံစစ်ကလည်း အမှားတွေကျူး လွန်တတ်တယ်။ အင်တာမီလန်နဲ့ အတ္တလန်တာကို သရေက စားထားတဲ့ ဗီရိုနာ ရလဒ်ကောင်းဦးမယ်ထင်တယ်။

SPAL - တိုရီနို (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

SPAL က ပရိသတ်ကိုစိတ်ကျေနပ်အောင် ကစားပြချင် နေနိုင်ပေမယ့် ပုံမှန်အတိုင်းဆိုရင် တိုရီနိုကို ယှဉ်နိုင်မှာမဟုတ် ဘူး။ တိုရီနိုက ရလဒ်တွေမတည်ငြိမ်ဘူးဆိုပေမယ့် စုဖွဲ့မှုအရ SPAL ထက်သာပါတယ်။ တိုရီနိုနဲ့ ဂိုးအများဖြစ်လာပါမယ်။

ကာဂလီယာရီ - အူဒီးနီးစ် (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

တန်းမဆင်းရဖို့ အလုံးစုံစိတ်မချရသေးလို့ အူဒီးနီးစ် အ မှတ်ရှာရပါဦးမယ်။ နောက်ပိုင်းပွဲတွေမှာ အူဒီးနီးစ်ကစားပုံ မဆိုး ပါဘူး။ ကာဂလီယာရီက စုဖွဲ့မှုပိုကောင်းပေမယ့် သရေကျဖို့များ ပါတယ်။ ဂိုးလည်းနည်းနိုင်တယ်။

ဂျူဗင်တပ်စ် - ဆမ်ဒိုးရီးယား (တနင်္လာနံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်စ်ခံစစ်ကစားပုံက အားနည်းချက်တွေရှိနေပါ တယ်။ ဒါပေမဲ့ တိုက်စစ်မှာ စီရော်နယ်လ်ဒို ဂိုးမြူးနေပြီး ဂိုးသွင်း ဘုရင်ဆုကိုလည်း မျှော်လင့်နေတာက ဂျူဗင်တပ်စ်ရဲ့ အားသာ ချက်လိုဖြစ်နေတယ်။ ပြီးတော့ နည်းပြဆာရီအနေနဲ့ သူ့ရဲ့ဂျူဗင် တပ်စ်နည်းပြ အနာဂတ်သေချာအောင် လက်ကျန်ပွဲစဉ်တွေမှာ နိုင်ပွဲရအောင် အာရုံစိုက်နေပါတယ်။ ဆမ်ဒိုးရီးယားက ဒုက္ခပေး  ဦးမှာဖြစ်ပေမယ့် ဂျူဗင်တပ်စ် ဂိုးမပြတ်ဘဲနိုင်ပါလိမ့်မယ်။

Most Read

Most Recent