ပရီးမီးယားလိဂ်ကလပ်တစ်သင်း၏ အပြောင်းအရွှေ့မှ ပေါင် (၁)သန်း ရယူရန် ဟက်ကာများ ကြိုးပမ်းခဲ့

ပရီးမီးယားလိဂ်ကလပ်တစ်သင်း၏ အပြောင်းအရွှေ့မှ ပေါင် (၁)သန်း ရယူရန် ဟက်ကာများ ကြိုးပမ်းခဲ့
Photo: Reuters
Photo: Reuters
Published 25 July 2020

ပရီးမီးယားလိဂ်ကလပ်အသင်းတစ် သင်း၏ အပြောင်းအရွှေ့သဘောတူညီမှုတစ်ခုမှ ပေါင် (၁)သန်းနီးပါးရယူရန် ဟက်ကာများက ကြိုးပမ်းခဲ့ကြောင်း ဗြိတိန်ရှိ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ (NCSC) က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

NCSC အစီရင်ခံစာတွင် ဖော်ပြထား ချက်အရ အမည်မဖော်ပြသည့် အားကစား ဒါရိုက်တာတစ်ဦး၏အီးမေးလ် တိုက်ခိုက်ခံရ ပြီးနောက် ဟက်ကာများက ပေါင် (၁)သန်း လိမ်လည်ထုတ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ဟက်ကာများသည် ဥရောပကလပ်အသင်းတစ်သင်းနှင့် အပြောင်းအရွှေ့သဘောတူညီမှုစာရွက်စာတမ်းကို ပုံစံ တူပြုလုပ်၍ အကောင့်တုတစ်ခုဖြင့် ငွေထုတ် ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါဘဏ်က ထုတ်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ယင်းကလပ်နှင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကလည်း အတုအပပြုလုပ်ထားသည့် သဘောတူညီမှုသာဖြစ်ကြောင်း သတင်းပေးတိုင်ကြားခဲ့သည်။ သို့ဖြစ်ရာ NCSC ၏ လက် ထောက်ဒါရိုက်တာ ဆာရာလီယွန်က ပရီးမီး ယားလိဂ်ကလပ်များအနေဖြင့် နွေရာသီ အပြောင်းအရွှေ့ကာလမဖွင့်လှစ်မီ ဆိုက်ဘာ လုံခြုံရေးကို ပြန်လည်သုံးသပ်ရန် တိုက်တွန်း ပြောကြားထားသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နွေရာသီ အပြောင်းအရွှေ့ကာလကို ဇူလိုင် (၂၇) ရက်မှ အောက်တိုဘာ (၅) ရက်အထိ ရက်သတ္တပတ် (၁၀) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့ ပြင် အောက်တိုဘာ (၅) ရက်မှ အောက်တိုဘာ (၁၆) ရက်အထိ ပြည်တွင်းအပြောင်းအရွှေ့များ ထပ်မံပြုလုပ်ရန် ခွင့်ပြုပေးထားသည်။

Most Read

Most Recent