ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည့်နေရာ အပြောင်းအလဲဖြစ်ဖွယ်ရှိ

ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် WLC-12 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည့်နေရာ အပြောင်းအလဲဖြစ်ဖွယ်ရှိ
Photo: WLC
Photo: WLC
Published 25 July 2020

မြန်မာလက်ခမောင်းကုမ္ပဏီက ကျင်းပ မည့် ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲ WLC-12 ကို ကိုရိုနာဗိုင်းရပ်စ်အခြေ အနေကြောင့် ကျင်းပမည့်နေရာ အပြောင်းအလဲပြုလုပ်ရဖွယ်ရှိကြောင်း သိရသည်။

WLC-12 ပြိုင်ပွဲကို သြဂုတ်လအတွင်း ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ထားသော်လည်း မြန်မာနိုင်ငံ တွင် အားကစားပြိုင်ပွဲများ ကျင်းပခွင့်မပြု သေးသောကြောင့် အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ''လတ်တလောအနေ အထားအရ ကျွန်တော်တို့ဆီမှာ အားကစား ပြိုင်ပွဲတွေ ကျင်းပခွင့်မရသေးပါဘူး။ WLC-12 ပြိုင်ပွဲကို သြဂုတ်မှာကျင်းပဖို့ စီစဉ်ထား ပေမဲ့ လက်ရှိအနေအထားအရ အပြောင်း အလဲလည်း ပြုလုပ်ရနိုင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ အရင်က ပြည်တွင်းတွဲဆိုင်းတွေ ကို ရန်ကုန်မြို့နဲ့ ပြည်ပတွဲဆိုင်းတွေကို ဘန် ကောက်မြို့မှာကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ အားကစား ပြိုင်ပွဲတွေ ကျင်းပခွင့်မရသေးဘူးဆိုရင် ထိုင်း နိုင်ငံမှာပဲ အကုန်ကျင်းပမလား၊ ရက်ထပ် ပြောင်းရမလားဆိုတာ ပြန်လည်ညှိနှိုင်းပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်'' ဟု မြန်မာလက် ခမောင်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ကိုရို နာဗိုင်းရပ်စ်ကြောင့် ရပ်နားထားရသည့် WLC ပြိုင်ပွဲများကို သြဂုတ်တွင် ပြန်လည် စတင်ကျင်းပရန် စီစဉ်ထားပြီး ယခုနှစ်တွင် ပြိုင်ပွဲသုံးပွဲ ကျင်းပမည်ဖြစ်သော်လည်း ရောဂါအခြေအနေကြောင့် အပြောင်းအလဲ ပြုလုပ်ရဖွယ်ရှိသည်။ မြန်မာလက်ခမောင်း ကုမ္ပဏီသည် ပြည်ပ၌ ပထမဆုံးသွားရောက် ကျင်းပမည့်ပြိုင်ပွဲကို စက်တင်ဘာတွင် ကမ္ဘောဒီးယားနိုင်ငံ$ ကျင်းပရန် စီစဉ်ထား ကြောင်း သိရသည်။

Most Read

Most Recent