အီတလီစီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 25 July 2020

ဘရက်စီယာ - ပါးမား (စနေည ၉း၄၅ နာရီ)

ဒီပွဲမတိုင်မီ ဘရက်စီယာ မျှော်လင့်ချက်ကင်းမဲ့နေမယ် ဆိုရင် ပါးမားကို အားကြိုးမာန်တက်ကစားမယ်မထင်ပါဘူး။ ဘ ရက်စီယာရဲ့ အားနည်းချက်က စိတ်ပိုင်းဆိုင်ရာခံယူချက်ဖြစ်ပါ တယ်။ ပါးမားက အမှတ်မလိုတော့တဲ့နောက်ပိုင်း ဖြစ်သလိုက စားနေပေမယ့် ဒီပွဲမှာ နိုင်ပွဲပြန်ယူမယ်။

ဂျီနိုအာ - အင်တာမီလန် (စနေည ၁၂းဝ၀ နာရီ)

အရင်တုန်းက ဂျီနိုအာက အင်တာမီလန်ကို ဒုက္ခပေးနေ ကျဆိုပေမယ့် နောက်ဆုံး (၂)ရာသီမှာ အင်တာမီလန်အတွက်  အလွယ်တကူအနိုင်ရတဲ့ပြိုင်ဘက်ဖြစ်လာပါပြီ။ အင်တာမီလန် က အမှတ်လုံးဝမလိုအပ်ဘဲ ဂုဏ်သိက္ခာအတွက်သာ ကစားနေ တာပါ။ ဒီအချိန်မှာ ဂျီနိုအာက တန်းမဆင်းရရေးအတွက် အမှတ်လိုအပ်နေသေးပြီး ရုန်းကန်ကစားနေတာလည်း တွေ့ရပါ တယ်။ ဂျီနိုအာ အမှတ်ရပါမယ်။

နာပိုလီ - ဆာဆူအိုလို (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ပွဲကျပ်ကာလကြားမှာ ဆာဆူအိုလိုရဲ့ မာဂုဏ်ရပ်တန့် သွားပါပြီ။ ခံစစ်ကဂိုးတွေဆက်တိုက်ပေးနေရတာ ဆာဆူအိုလို ရဲ့ လတ်တလောအားနည်းချက်ဖြစ်ပြီး အိမ်ကွင်းမှာပုံမှန်ဂိုးသွင်း နိုင်လေ့ရှိတဲ့ နာပိုလီတိုက်စစ်ကိုလည်း ထိန်းချုပ်နိုင်မယ်မထင် ဘူး။ နာပိုလီက နောက်ပိုင်းပွဲတွေမှာ တိုက်စစ်အားလျော့နေပေ မယ့် ဖြတ်တင်ဘောတွေ၊ တွဲလုုံးတွေကိုတားဆီးရာမှာ ဆာဆူ အိုလိုခံစစ်အားနည်းလို့ နာပိုလီ (၂)ဂိုးပြတ်နိုင်မယ်။

Most Read

Most Recent