Marca မှ ပြုလုပ်ခဲ့သည့် ၂၀၁၉-၂၀ ရာသီ လာလီဂါစစ်တမ်းတွင် လာလီဂါအကောင်းဆုံးကစားသမားအဖြစ် မက်ဆီကိုကျော်ပြီး ဘန်ဇီမာအား ပရိသတ်များ ရွေးချယ်

Marca မှ ပြုလုပ်ခဲ့သည့် ၂၀၁၉-၂၀ ရာသီ လာလီဂါစစ်တမ်းတွင် လာလီဂါအကောင်းဆုံးကစားသမားအဖြစ် မက်ဆီကိုကျော်ပြီး ဘန်ဇီမာအား ပရိသတ်များ ရွေးချယ်
Photo: Marca
Photo: Marca
Published 23 July 2020

စပိန်အားကစားသတင်းစာ Marca မှ ပြုလုပ်ခဲ့သည့် ၂၀၁၉-၂၀ ရာသီအတွက် လာလီဂါစစ်တမ်းတွင် လာလီဂါအကောင်းဆုံးကစားသမားအဖြစ် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကိုကျော်ကာ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာအား ပရိသတ်များက ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။ 

Marca သည် အဆိုပါစစ်တမ်းတွင် ဆုအမျိုးအစား (၁၂) မျိုးအထိခွဲကာ ပရိသတ်များကို မဲပေးရွေးချယ်စေခဲ့ခြင်းဖြစ်သည်။ 

ယင်းစစ်တမ်းတွင် ပရိသတ် (၁၂၀၀၀၀) မဲပေးခဲ့ကြပြီး ၂၀၁၉-၂၀ ရာသီ လာလီဂါအကောင်းဆုံးကစားသမားအဖြစ် ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာက မဲ (၃၆) ရာခိုင်နှုန်းဖြင့် ရွေးချယ်ခံခဲ့ရသည်။ 

ယခုရာသီ လာလီဂါတွင် သွင်းဂိုးနှင့် ဂိုးဖန်တီးမှု အများဆုံးဖြစ်ခဲ့သည့် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီမှာမူ မဲ (၃၂) ရာခိုင်နှုန်းသာရရှိခဲ့ပြီး ရီးယဲလ်နောက်ခံလူ ရာမို့စ်မှာ မဲ (၁၄)ရာခိုင်နှုန်းဖြင့် တတိယဖြစ်ခဲ့ကြောင်း သိရသည်။ 

ယခုရာသီအကောင်းဆုံးခေါ်ယူမှုအဖြစ် ဆီ ဗီလာတောင်ပံကစားသမား အိုကမ်ပို့စ်ကို ရွေးချယ်ခဲ့ကြသည်။ 

အိုကမ်ပို့စ်သည် ၂၀၁၉ နွေရာသီတွင် မာဆေးလ်အသင်းမှ ဆီဗီလာအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ပြီး လာလီဂါ (၃၃)ပွဲတွင် (၁၄)ဂိုးသွင်းယူခဲ့သည်။ 

အဆိုးရွားဆုံးခေါ်ယူမှုအဖြစ်မူ ယိုဗစ်၊ ဟာဇက်နှင့် ဂရီးဇ်မန်းတို့ အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။ 

အသက် (၂၁)နှစ်အောက် အကောင်းဆုံးကစားသမားအဖြစ် အော်ဒီဂွါ ရွေးချယ်ခံခဲ့ရပြီး အကောင်းဆုံးစပိန်ကစားသမားအဖြစ် ရာမို့စ် ရွေးချယ်ခံခဲ့ရသည်။

နေရာအလိုက် အကောင်းဆုံးဆုများကို ရီးယဲလ်ကစားသမားများက သိမ်းပိုက်ခဲ့ပြီး ကော်တိုအာ(ဂိုး)၊ ရာမို့စ်(နောက်)၊ ကက်စမဲရိုး (လယ်) နှင့် ဘန်ဇီမာ (ရှေ့)တို့ဖြစ်ကာ ဇီဒန်းက အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရသည်။ 

Most Read

Most Recent