စီရော်နယ်လ်ဒို၏ ကြံ့ခိုင်မှုပြန်ပြည့်နိုင်စွမ်းမှာ မယုံနိုင်ဖွယ်ဖြစ်သည်ဟု ဆာရီ ချီးကျူး

စီရော်နယ်လ်ဒို၏ ကြံ့ခိုင်မှုပြန်ပြည့်နိုင်စွမ်းမှာ မယုံနိုင်ဖွယ်ဖြစ်သည်ဟု ဆာရီ ချီးကျူး
Photo: kickoff
Photo: kickoff
Published 23 July 2020

ဂျူဗင်တပ်စ်နည်းပြ ဆာရီက အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို၏ ကြ့ံခိုင်မှုပြန်ပြည့်နိုင်စွမ်းမှာ မယုံနိုင်ဖွယ်ဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်လာဇီယိုနှင့်ပွဲတွင် (၂)ဂိုး သွင်းယူခဲ့ပြီးနောက် စီးရီးအေတွင် ဂိုး(၅၀)အမြန်ဆုံးပြည့်သည့် ကစားသမားဖြစ်လာခဲ့ပြီး ယင်းပမာဏကို သွင်းနိုင်ရန် (၆၁)ပွဲသာ ကစားခဲ့ရသည်။ 

(၃)ရက်တစ်ပွဲနှုန်းနီးပါး ကစားနေရသည့် ကိုရိုနာအလွန်ဘောလုံးပြက္ခဒိန်တွင် (၃၅) နှစ်အရွယ် စီရော်နယ်လ်ဒိုသည် ပွဲတိုင်းနီးပါး ပွဲချိန်ပြည့်ကစားခဲ့ပြီး အဆိုပါကာလအတွင်း (၉)ဂိုးသွင်း၊ (၂)ဂိုးဖန်တီးပေးခဲ့သည်။ 

ဆာရီက ''သူ့ရဲ့ တစ်ပွဲနဲ့ တစ်ပွဲကြား ကြံ့ခိုင်မှု ပြန်ပြည့်နိုင်စွမ်းက သာမန်ထက်လွန်ကဲနေပါတယ်။  ဒါက ကာယအားသက်သက် မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း ပါပါတယ်။ သူက ပွဲတစ်ပွဲမှာ စွမ်းအင်အများကြီး သုံးတတ်တဲ့ ကစားသမားပါ။ ဒါပေမဲ့ သူက အမြဲတမ်း အချိန်မီ အားအင်ပြန်ပြည့်လာပါတယ်။ သူက ခြေထောက်တွေမှာတင် ကမ္ဘာ့အဆင့်မဟုတ်ဘူး။ စိတ်ထားမှာလည်း ကမ္ဘာ့အဆင့်ပါပဲ'' ဟု ချီးကျူးခဲ့သည်။

Most Read

Most Recent