ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးအသင်းများမှာ အထိနာခဲ့ပြီး ရီးယဲလ်အသင်းသည် ဝင်ငွေ ယူရိုသန်း (၂၀၀) နစ်နာခဲ့ကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ငွေကြေးဆုံးရှုံးနစ်နာမှုများကို ပြန်လည်ဖာထေးနိုင်ရန်အတွက် အသင်းရှိ ကစားသမားများကို ရောင်းချသွားရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးအသင်းများမှာ အထိနာခဲ့ပြီး ရီးယဲလ်အသင်းသည် ဝင်ငွေ ယူရိုသန်း (၂၀၀) နစ်နာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်း အပြောင်းအရွှေ့များ ပြုလုပ်မည်မဟုတ်ကြောင်း ပြောဆိုထားသည်။

Marca ၏ ဖော်ပြချက်အရ အငှားချထားရာမှ ပြန်လာမည့် ကစားသမားများနှင့်ဆိုလျှင် ရီးယဲလ်အသင်း၏လူစာရင်းမှာ (၃၇) ဦးအထိ ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်အသင်းသည် အသင်းရှိကစားသမားများကို ရောင်းထုတ်ရန် စီစဉ်နေပြီး ဟာမီးစ်ရိုဒရီဂွက်ဇ်၊ ဘေးလ်၊ ယိုဗစ်နှင့် မာရီယာနိုတို့မှာ ဦးစားပေးဖြစ်ကာ အငှားချထားသည့် အော်ဒရီယိုဇိုလာ၊ စီဘယ်ယော့စ်၊ မာယိုရယ်လ်တို့ကိုလည်း ရောင်းချမည်ဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။

ထို့ပြင် ရီးယဲလ်အသင်းသည် လူငယ်ကစားသမားအချို့ကိုလည်း ထပ်မံအငှားချဖွယ်ရှိနေကြောင်း သိရသည်။









