အင်္ဂလန်ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာကို စပါးအသင်း၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

အင်္ဂလန်ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာကို စပါးအသင်း၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
Photos : Getty Images
Photos : Getty Images
Published 22 July 2020

နောက်ခံလူအဖြစ်လည်း ကစားနိုင်သူ ဒိုင်ယာသည် အစောပိုင်းက မော်ရင်ဟို၏အသင်းတွင် ပုံမှန်နေရာမရသော်လည်း လက်ရှိတွင်မူ သူ့အား နောက်တန်းတွင် ဆက်တိုက်ပွဲထုတ်ခဲ့သည်။ 

စပါးအသင်းသည် အသင်းကစားသမား အဲရစ်ဒိုင်ယာကို ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိသည့် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ကြောင်း မနေ့က အတည်ပြုကြေညာခဲ့သည်။ 

အင်္ဂလန်ကွင်းလယ်လူ ဒိုင်ယာ၏လက်ရှိစာချုပ်မှာ လာမည့်နွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စပါးအသင်းက အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် စာချုပ်သက်တမ်းထိုးခဲ့ခြင်းလည်း ဖြစ်သည်။ နောက်ခံလူအဖြစ်လည်း ကစားနိုင်သူ ဒိုင်ယာသည် အစောပိုင်းက မော်ရင်ဟို၏အသင်းတွင် ပုံမှန်နေရာမရသော်လည်း လက်ရှိတွင်မူ သူ့အား နောက်တန်းတွင် ဆက်တိုက်ပွဲထုတ်ခဲ့သည်။ 

ဒိုင်ယာမှာ ၂၀၁၄ ခုနှစ်က ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၂၃၉ ပွဲကစားထားကာ ၁၁ ဂိုးအထိ သွင်းယူပေးထားခဲ့သည်။ လက်ရှိရာသီတွင်မူ ဒိုင်ယာအနေဖြင့် ပြိုင်ပွဲစုံ ၂၉ ပွဲကစားထားပြီး ယင်းပွဲအများစုမှာ ဒုတိယရာသီဝက်တွင်မှ ကစားရခြင်းဖြစ်သည်။

Most Read

Most Recent