အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ရန် ဗီလာရီးယဲလ်အသင်း စီစဉ်နေ

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ရန် ဗီလာရီးယဲလ်အသင်း စီစဉ်နေ
Photo: Marca
Photo: Marca
Published 20 July 2020

ဗီလာရီးယဲလ်အသင်းသည် အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ရန် စီစဉ်နေပြီး ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဗီလာရီးယဲလ်အသင်းသည် လက်ရှိနည်းပြ ဟာဗီဟာကယ်လီဟာ၏ ဦးဆောင်မှုအောက်တွင် အဆင့်(၅)နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့သော်လည်း လာမည့်ရာသီ၌ နည်းပြအပြောင်းအလဲပြုလုပ်ရန် လိုလားနေခြင်းဖြစ်သည်။

ထို့ကြောင့် အသင်းလက်မဲ့ဖြစ်နေသည့် အူနိုင်းအမ်မရီကို အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး သဘောတူညီမှုပင် ရရှိထားပြီဟု Marca က ဖော်ပြခဲ့သည်။

အူနိုင်းအမ်မရီသည် ဗလင်စီယာ၊ ဆီဗီလာ စသည့် လာလီဂါထိပ်သီးအသင်းများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ချန်ပီယံဆုကို (၃)ရာသီဆက်တိုက် ရရှိဖူးသူဖြစ်၍ ဗီလာရီးယဲလ်အသင်းက မျက်စိကျခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

အူနိုင်းအမ်မရီသည် ၂၀၁၉ နိုဝင်ဘာလတွင် အာဆင်နယ်အသင်းမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

Most Read

Most Recent