စပိန်လာလီဂါပွဲစဉ် (၃၈) ပွဲကြိုးသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၈) ပွဲကြိုးသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 19 July 2020

အလာဗတ်စ် - ဘာစီလိုနာ (တနင်္ဂနွေည ၉း၃၀ နာရီ)

ဘာစီလိုနာအတွက်က လုပ်စရာရှိတာ ဆက်လုပ်ရမယ့်ပွဲဆိုပေမယ့် အလာဗတ်စ်အတွက်ကတော့ တန်းမဆင်းရရေးအ တွက် အရေးပါတဲ့ နောက်ဆုံးအဆုံးအဖြတ်ပွဲ ဖြစ်နေနိုင်သေးတယ်။ ဒါကြောင့် အလာဗတ်စ်အတွက် အိမ်ကွင်းနောက်ဆုံးအား ကို ထုတ်ပြနိုင်မယ့်ပွဲလို ဖြစ်လာနိုင်သေးတယ်။ ဒါပေမဲ့ COVID-19 အလွန်မှာ လုံးဝပြိုဆင်းသွားတဲ့ အလာဗတ်စ်ရဲ့ခြေစွမ်း ပိုင်းအရတော့ ဘာစီလိုနာဘက်ကို ဖိအားပေးကစားပြနိုင်ရေးဆိုတာမျိုး သိပ်ပြီးမျှော်လင့်ထားလို့ မရသေးပါဘူး။ အထူးသဖြင့် ဂိုးပေါက်တွေ့အောင် မနည်းရှာဖွေနေရတဲ့ အလာဗတ်စ်တိုက်စစ်ကလည်း ဘာစီလိုနာရဲ့ခံစစ်စိတ်မချရတာတောင်မှ ဖိအား ပေးကစားပြနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒီတော့ ခံစစ်ကိုပဲ အားပြုထားနိုင်တဲ့ အလာဗတ်စ်ကို အခုတလော ဂိုးသွင်းအား အ တက်အကျရှိနေတဲ့ ဘာစီလိုနာတိုက်စစ်က ဂိုးတွေရအောင် ဘယ်လောက်အထိ ကစားပြသွားမလဲဆိုတာကိုပဲ အဓိကစဉ်းစား ရလိမ့်မယ်။ အစဉ်အလာအရလည်း အသာစီးရထားတဲ့ ဘာစီလိုနာကိုပဲ ရွေးထားရမယ့်ပွဲမျိုး ဖြစ်နေတယ်။ ဂိုးတော့နည်းမယ်။

ဗီလာရီးယဲလ် - အီဘာ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

နှစ်သင်းစလုံးရဲ့အခြေအနေက စိတ်အေးလက်အေး က စားနိုင်ကြတဲ့အနေအထားမျိုး ဖြစ်နေတယ်။ ဒီတော့ ဘယ်သူက ရလဒ်ကောင်းနဲ့အတူ ရာသီသိမ်းကို နှုတ်ဆက်မလဲဆိုတာပဲ စောင့်ကြည့်ရမယ့်ပုံပါ။ COVID-19 ကာလအလွန် ခြေစွမ်း တွေအရတော့ အီဘာဟာ ဗီလာရီးယဲလ်ကို ယှဉ်ဖို့မဖြစ်နိုင်ပါ ဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။

ဗယ်လာဒိုလစ် - ဘက်တစ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

ဒီနှစ်သင်းရဲ့ပွဲကလည်း ရာသီသိမ်း နှုတ်ဆက်ပွဲသာသာပါ ပဲ။ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲမျိုးမဟုတ်ပေမယ့် သိက္ခာပိုင်းအရ ကစားကြမယ့်ပွဲမျိုးလို့ထင်တယ်။ အထူးသဖြင့် ယာယီနည်းပြနဲ့ ဘက်တစ်အတွက် နောက်ဆုံးရလဒ်ကောင်း အောင် ကစားပြရေးအတွက် အားထုတ်မှု ပိုရှိနိုင်မယ်ထင်တယ်။ ဘက်တစ်နဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။

အက်သလက်တီကို - ဆိုစီဒက် (တနင်္လာနံနက် ၁း၃၀ နာရီ)

ဆိုစီဒက်ကလည်း ရာသီသိမ်းခါနီးမှ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ကပ်ပြီးရုန်းလာပုံပေါ်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ အ ဝေးကွင်းပွဲမှာ ဗီလာရီးယဲလ်ကိုအနိုင်ယူပြပြီး ယူရိုပါလိဂ် မျှော်လင့်ချက်ပြန်အားကောင်းအောင် ဖန်တီးနိုင်ခဲ့တယ်။ ဒီအရှိန်ကို နောက်ဆုံးရာသီပိတ်ပွဲအထိ ဆက်ရှိအောင် ဆိုစီဒက် အားထည့်ထားမှာသေချာတယ်။ အက်သလက်တီကိုကတော့ အဆင့် (၃) နေရာမြဲအောင် ကစားဖို့ပဲကျန်တော့တယ်။ ဒါကြောင့် စွန့်စားအားထုတ်မှုမျိုးလုပ်မယ့်ပုံမှာမရှိဘဲ နောက်ဆုံးအိမ်ကွင်းပွဲမှာ မျက် နှာမပျက်အောင်ပဲ ကြိုးစားလိမ့်မယ်။ နည်းပြ ဆီမြွန်နီအနေနဲ့လည်း အခုပွဲထက် ချန်ပီယံလိဂ်ပွဲအတွက် ကြိုတင်ပြင်ဆင်တာမျိုး လုပ်ဖို့ပဲ အာရုံများနေလို့ ဒီပွဲကိုလည်း ထိန်းကစားမယ့်ပုံပါပဲ။ ဒါပေမဲ့ အိမ်ကွင်းမှာ အက်သလက်တီကိုတို့ ဆိုစီဒက်ကို အသာရ လေ့ရှိသလို အဆင့် (၃)နေရာအတွက် အမှတ်ရအောင်ကစားဖို့လိုနေလို့ အက်သလက်တီကို ရွေးထားတာပဲကောင်းမယ်။

အက်စ်ပန်ညို - ဆယ်လ်တာဗီဂို (တနင်္လာနံနက် ၁း၃၀ နာရီ)

အက်စ်ပန်ညိုရဲ့ အိမ်ကွင်းလာလီဂါနောက်ဆုံးနှုတ်ဆက် အားက ဘယ်လောက်ထိရှိနိုင်မှာလဲဆိုတာပဲ စဉ်းစားရမယ်ထင် တယ်။ အက်စ်ပန်ညို တန်းဆင်းသွားရပေမယ့် အိမ်ကွင်း နောက် ဆုံးပွဲကိုတော့ ပရိသတ်ကျေနပ်အောင် ကစားပြဖို့ရှိနေတယ်။ ဆယ်လ်တာဗီဂိုရဲ့ အဝေးကွင်းခြေစွမ်းက ယုံကြည်လို့မရလို့ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲ ပိုကြိုက်နေမိတယ်။

ဂရန်နာဒါ - ဘီလ်ဘာအို (တနင်္လာနံနက် ၁း၃၀ နာရီ)

ဂရန်နာဒါရဲ့ လက်ရှိကစားအားအရတော့ ဘီလ်ဘာအိုကို ကောင်းကောင်းဖိအားပေးနိုင်မယ့်ပုံပါပဲ။ အထူးသဖြင့် တိုက်စစ် ဖွင့်ကစားပြီး ဂိုးတွေပါ ရအောင်ကစားပြနေနိုင်တဲ့ ဂရန်နာဒါရဲ့ ကစားပုံက ဘီလ်ဘာအိုအတွက် စိန်ခေါ်မှုရှိနေနိုင်တာ အမှန်ပဲ။ ဒါပေမဲ့ ဘီလ်ဘာအိုကလည်း အဝေးကွင်း နောက်ဆုံး (၂)ပွဲဆက် အနိုင်ရအောင ်ကစားထားတဲ့အသင်းဖြစ်နေတယ်။ ဘီလ်ဘာအို နဲ့ ဂိုးအများပဲ ကြိုက်နေမိတယ်။

လီဟာနက်စ် - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံး ပြီးခဲ့တဲ့ ကြားရက်ပွဲစဉ် (၃၇)မှာသာ အဖြေတစ်ခုမထွက်ခဲ့သေးဘူးဆိုရင်တော့ ဒီပွဲက ပိုကြည့်ကောင်းမယ့် ပွဲ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် လီဟာနက်စ်ရဲ့ တန်းမဆင်းရရေး အိမ်ကွင်းနောက်ဆုံးရုန်းအားက ရီးယဲလ်မက်ဒရစ်ရဲ့ ချန် ပီယံဖြစ်ရေးကို ဘယ်လောက်ထိ ဖိအားပေးသွားနိုင်မှာလဲဆိုတာမျိုးနဲ့ ရင်ခုန်စရာပိုကောင်းလိမ့်မယ်။ လီဟာနက်စ်ဟာ တန်း မဆင်းရရေးအတွက် အင်အားရှိသမျှ ရုန်းကန်နေခဲ့ပြီး ရာသီသိမ်းခါနီးမှာ ပိုပြီးအလုပ်ဖြစ်ခဲ့သလို တွေ့နေရတယ်။ ရီးယဲလ်က လည်း ချန်ပီယံဖြစ်ရေး လက်ကျန်ပွဲတိုင်းကို အမှားမရှိအောင် အဓိကထားကစားနေတဲ့အသင်းဖြစ်လို့ နောက်ဆုံးပွဲအထိ သူတို့ အရှိန်ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမှာသေချာနေတယ်။ ခြေစွမ်းနဲ့ အင်အားပိုင်းမှာတော့ လီဟာနက်စ်ဟာ ရီးယဲလ်ကို ဘယ် လိုမှမမီနိုင်ပေမယ့်လည်း ဒီရာသီ နောက်ဆုံးကစားရမယ့် အိမ်ကွင်းပွဲမှာ စိတ်ဓာတ်ပိုင်းကို အမြင့်ဆုံးမှာဆက်ထားကစားသွား ခဲ့ရင် ရီးယဲလ်အတွက် ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပါတယ်။ လီဟာနက်စ်နဲ့ ဂိုးအနည်းပဲ ရွေးထားတာကောင်းမယ်။

လီဗန်တေး - ဂီတာဖေး (တနင်္လာနံနက် ၁း၃၀ နာရီ)

တန်းမဆင်းရဖို့ စိတ်ချရပြီးတဲ့နောက်မှာတော့ လီဗန်တေး တို့ ရာသီသိမ်းပွဲတွေမှာ အမှတ်တွေပေးလာသလို တွေ့နေရတယ်။ နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း ယူရိုပါလိဂ်အတွက် အမှတ်ရှာနေ တဲ့ ဘီလ်ဘာအိုကို ရှုံးထားခဲ့တာတွေ့ရလို့ အခုလည်း ယူရိုပါလိဂ် ဝင်ခွင့်အတွက် ကစားနေတဲ့ ဂီတာဖေးနဲ့ပွဲမှာရော လီဗန်တေး ဘာ လုပ်ဦးမလဲ။ ဂီတာဖေးကလည်း အမှတ်ရှာနေပေမယ့် တိုက်စစ် အားပျောက်နေပြီး ရှာသလောက်မရနိုင်တဲ့အသင်းဖြစ်နေလို့ ဒီပွဲ က အပြန်အလှန်ထိန်းကစားကြရင်း သရေပွဲဆီ ဦးတည်မယ်ထင် တယ်။ ဂိုးလည်းနည်းမယ်။

အိုဆာဆူနာ - မာယော့ကာ (တနင်္လာနံနက် ၁း၃၀ နာရီ)

တန်းမဆင်းရရေး မျှော်လင့်ချက်ရှိနေသေးရင်တော့ မာ ယော့ကာ နောက်ဆုံးပွဲမှာ ရုန်းပြန်ရမယ့်ပွဲမျိုးပါပဲ။ ဒါပေမဲ့ အို ဆာဆူနာကလည်း အိမ်ကွင်းဟန်မပျက်အောင် ကစားပြနေပြီး အမှားအယွင်းလည်း နည်းတဲ့အသင်းမျိုးဖြစ်လို့ လက်ရှိမာယော့ ကာရဲ့ အဝေးကွင်းခြေစွမ်းနဲ့တော့ အိုဆာဆူနာဆီက အမှတ် ပြည့်ယူဖို့ ခက်လိမ့်မယ်။ ဂိုးနည်းသရေပွဲပဲထင်တယ်။

ဆီဗီလာ - ဗလင်စီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ချန်ပီယံလိဂ်ဝင်ခွင့် သေချာနေပြီဖြစ်တဲ့ ဆီဗီလာဆီက မျှော်လင့်စရာ သိပ်မရှိတော့ပါဘူး။ ဗလင်စီယာသာ ယူရိုပါလိဂ် ဝင်ခွင့်အတွက် မျှော်လင့်ချက်ကျန်နေသေးရင်တော့ ဆီဗီလာ ဆီက အမှတ်ရဖို့ နောက်ဆုံးအားထုတ်ပြရမယ့်ပွဲပါပဲ။ ပုံမှန်အရ ဆိုရင်တော့ ပွဲစဉ်တွေ ပြန်လည်စတင်ချိန် အဝေးကွင်းမှာ ရုန်း ကန်နေရတဲ့ ဗလင်စီယာရဲ့ခြေစွမ်းနဲ့ အိမ်ရှင်ဆီဗီလာဆီက အ မှတ်ရဖို့ သိပ်မလွယ်လှဘူးထင်ပါတယ်။ ဆီဗီလာအနေနဲ့လည်း ရာသီပိတ် အိမ်ကွင်းနှုတ်ဆက်ပွဲမှာ မျက်နှာပျက်ခံမှာ မဟုတ်ပါ ဘူး။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

Most Read

Most Recent