ဘုန်းမောက် - ဆောက်သမ်တန် (တနင်္ဂနွေည ရး၃၀ နာရီ)
ဘုန်းမောက်အတွက် အသည်းအသန်အမှတ်လိုနေတဲ့ အချိန်မှာ ဆောက်သမ်တန်က အသင်းကြီးတွေကို ကစားသလို စိတ်ဓာတ်မျိုးနဲ့တော့ ကစားမယ်မထင်ဘူး။ မန်စီးတီးနဲ့ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် ဘုန်းမောက်ကစားတာ ကောင်းပါတယ်။ ဘုန်းမောက်ကိုကြိုက်တယ်။
စပါး - လက်စတာ (တနင်္ဂနွေည ၉း၃၀ နာရီ)
စပါးက လက်စတာနဲ့ ရင်ဆိုင်တဲ့ပွဲတွေမှာ ရလဒ်ကောင်းတာများတယ်။ မနှစ်ကလည်း အိမ်ကွင်းရော၊ အဝေးကွင်းမှာ ပါအနိုင်ရခဲ့တယ်။ အတိတ်က ရလဒ်တွေဟာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပြုတယ်ဆိုတာ အကျိုးသက်ရောက်မှုနည်းနည်း လေးပါ။ လက်ရှိရာသီ၊ လက်ရှိကစားမယ့်အချိန်မှာ ဘယ်သူက အလုပ်ပိုလုပ်သလဲ၊ ပိုကောင်းအောင်ကစားနိုင်သ လဲဆိုတာက အဓိကကျတယ်။ လက်ရှိအနေအထားအရဆိုရင် ဒီနှစ်သင်းကြားမှာ ကွာဟချက်က သိပ်မရှိဘူး။ ဒါပေမဲ့ လက်စတာက တိုက်စစ် သိသိသာသာ ကျဆင်းလာတာကိုတွေ့ရတယ်။ ဗာဒီ ဂိုးပေါက်ပြန်တွေ့လာရုံလောက်နဲ့ တိုက်စစ်ရဲ့လည်ပတ်ပုံ၊ ယန္တရားတစ်ခု လုံး ပြန်ကောင်းလာပြီလို့လည်း ပြောလို့မရဘူး။ စပါးကလည်း တိုက်စစ်ပြဿနာရှိတဲ့အသင်းပါ။ ဒါပေမဲ့ ပွဲအဖြေပြောင်းနိုင် တဲ့ကစားသမားတွေကတော့ စပါးမှာ ပိုရှိတယ်။ ဒါ့အပြင် လက်ရှိကစားပုံကိုကြည့်ရင် စပါးက ပိုအားကောင်းပြီး ခိုင်မာလာပါ တယ်။ လက်စတာက ချန်ပီယံလိဂ်ဝင်ခွင့် တွန်းအားရှိနေပေမယ့် ရလဒ်ရော၊ ကစားပုံပါ ကျနေတဲ့အချိန်ဆိုတော့ ဖိအားလည်း ဖြစ်နေ နိုင်တယ်။ စပါးပဲ အနိုင်ကစားသွားပါလိမ့်မယ်။









