FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 19 July 2020

မန်ယူ - ချယ်လ်ဆီး(တနင်္ဂနွေည ၁၁း၃၀ နာရီ)

လမ်းပတ်နဲ့ ဆိုးလ်ရှားတို့ကြားက ထိပ်တိုက်တွေ့ဆုံမှုအစဉ်အလာက သိပ်မကြာသေးပေမယ့် ဆိုးလ်ရှားက အပြတ်အ သတ်အသာစီးယူထားတယ်။ ချယ်လ်ဆီး ပုံစံကောင်းပြနေချိန်မှာတောင် မန်ယူက ရလဒ်ကောင်းတွေယူနိုင်ခဲ့ပြီး၊ လက်ရှိခြေ စွမ်းပိုင်းမှာ မန်ယူက ပိုကောင်းနေလို့ ချယ်လ်ဆီးအတွက် ပိုမိုခက်ခဲဦးမယ့် အနေအထားရှိတယ်။ မန်ယူကွင်းလယ်မှာ Physical ပိုင်းရော၊ Technique ပိုင်းပါ အရမ်းအားကောင်းနေပြီး လော့ဖ်တပ်ချိခ်ကို ကွင်းလယ်မှာမထားဘဲ၊ ကွန်တေလည်း မကစားနိုင်ဘဲ  ဘာကလေ၊ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ မေဆန်မောင့်တို့ထဲက ဘယ်အတွဲပဲ ပွဲထွက်လာလာ မန်ယူကွင်းလယ်ကို ယှဉ်နိုင်ဖို့ ခက်တယ်။ ကွန်တေသာ ကစားနိုင်ရင်တော့ ဘရူနိုဖာနန်ဒက်စ်အတွက် ပြဿနာဖြစ်လာနိုင်ပြီး၊ မန်ယူရဲ့တိုက်စစ် လမ်းကြောင်းတွေကို ဟန့်တားနိုင်ဖိ်ု့များတယ်။ တိုက်စစ်ပိုင်းမှာလည်း ချယ်လ်ဆီးက မဆိုးပေမယ့် မန်ယူတိုက်စစ်က ပိုအား ကောင်း၊ ပိုမြန်ပြီး၊ သွင်းဂိုးတွေအတွက် ယုံကြည်မှု ပိုရှိပါတယ်။ လက်ရှိအနေအထားက မန်ယူအတွက် အချိန်အခါပိုကောင်း နေတဲ့ အနေအထားဖြစ်ပြီး မန်ယူပဲ ဗိုလ်လုပွဲတက်ဖို့များတယ်။ 

Most Read

Most Recent