မန်ယူအသင်းကို အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပူလီဆစ် ဆို

မန်ယူအသင်းကို အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပူလီဆစ် ဆို
Photos: Getty Images
Photos: Getty Images
Published 17 July 2020

ချယ်လ်ဆီးတောင်ပံကစားသမား ပူလီဆစ်က FA ဖလားချန်ပီယံဆုအတွက် မန်ယူအသင်းကို အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် FA ဖလားဆီမီးဖိုင်နယ်တွင် မန်ယူအသင်းနှင့် တွေ့ဆုံနေပြီး ယင်းပွဲကို အနိုင်ရခဲ့ပါက အာဆင်နယ်-မန်စီးတီးပွဲမှ အနိုင်ရသည့်အသင်းနှင့် ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။ 

ပူလီဆစ်က မိမိ၏ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီတွင် FA ဖလားကို ရယူသွားလိုကြောင်း ပြောကြားခဲ့သည်။ 

"လက်ရှိမှာ မန်ယူအသင်းဟာ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူတို့ကို အနိုင်ယူနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မန်ယူနဲ့ပွဲက အရမ်းခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာဖြစ်ပြီး ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ မန်ယူအသင်းကို အနိုင်ရဖို့အတွက် ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒီပွဲကို ကျော်ဖြတ်ပြီးပြီဆိုရင် ကျွန်တော်တို့အနေနဲ့ FA ဖလားရရှိဖို့ အခြေအနေကောင်းသွားမှာပါ။ FA ဖလားက ဂုဏ်သိက္ခာကြီးမားတဲ့ ဖလားတစ်လုံးဖြစ်ပြီး အဲဒီဖလားကို ဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိနေတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်"ဟု ပြောကြားခဲ့သည်။ 

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် မန်ယူအသင်းနှင့် (၃)ပွဲဆုံတွေ့ခဲ့ရာ အဝေးကွင်း၌ (၀-၄) ဂိုး၊ အိမ်ကွင်း၌ (၁-၂) ဂိုး၊ (ဝ-၂) ဂိုးဖြင့် (၃)ပွဲစလုံး ရှုံးနိမ့်ခဲ့သည်။ 

မန်ယူနှင့် ချယ်လ်ဆီးအသင်းတို့၏ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် (၁၉)ရက် (မြန်မာစံတော်ချိန် တနင်္ဂနွေည ၁၁:၃၀ နာရီ)တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။

Most Read

Most Recent