- အာဆင်နယ်အသင်း၏ တိုက်စစ်မှူး လာကာဇက်က မိမိတို့အသင်းသည် FA ဖလားဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမည့် မန်စီးတီးအသင်းကို စိုးရိမ်ထိတ်လန့်နေခြင်းမရှိကြောင်းနှင့် ရလဒ်ကောင်းကို ယူဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။
- မန်ယူအသင်းသည် ယခုရာသီတွင် အသင်းတွက် ခြေစွမ်းပြကစားနေသည့် လူငယ်ကြယ်ပွင့်ကစားသမား မေဆင်ဂရင်းဝုဒ်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းက အငှားဖြင့် ခေါ်ယူရန်ကြိုးပမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ဖူးပြီး ဂရင်းဝုဒ်သည် အသင်းအတွက် အကျိုးပြုမည့်ကစားသမားအဖြစ် ယုံကြည်နေခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
- ချယ်လ်ဆီးအသင်းသည် နယူးကာဆယ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်း၏ကွင်းလယ်လူ ဘာကာယိုကိုအား အမြန်ဆုံးရောင်းချရန် စီစဉ်နေပြီး ဘာကာယိုကိုအတွက် ပြောင်းရွှေ့ကြေးကိုလည်း ယူရိုသန်း (၂၀)ဝန်းကျင်အထိ ဈေးလျှော့ချပေးခဲ့ကြောင်း သိရှိရသည်။
- ဝက်စ်ဟမ်းအသင်း၏ နည်းပြဖြစ်သူ ဒေးဗစ်မွိုက်စ်သည် အသင်း၏ တိုက်စစ်ပိုင်းတွင် အမြင့်ဘောများကို အသုံးချနိုင်သည့် ဝါရင့်တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူအားဖြည့်ရန် စိတ်ဝင်စားနေပြီး ရိုးမားအသင်း၏ တိုက်စစ်မှူး ဂျက်ကိုအား စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။
- ချယ်လ်ဆီးအသင်း၏ ကစားသမားသစ် ဟာကင်းမ်ဇီယာ့ရှ်က ပရီးမီးယားလိဂ်၏ ကြံ့ခိုင်မှုအသားပြုကစားဟန်ကို စိတ်ပူခြင်းမရှိဘဲ အလျင်အမြန် အံဝင်ခွင်ကျကစားနိုင်လိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။
- မန်ယူအသင်း၏ ဂိုးသမားဒီဟေးယားသည် ဆောက်သမ်တန်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် ပွဲ(၄၀၀)ပြည့်မြောက်ခဲ့ခြင်းအတွက် အလွန်ဝမ်းမြောက်မိကြောင်းနှင့် သူသည် အသင်းနှင့်အတူ နောက်ထပ် ပွဲ(၄၀၀)ကစားနိုင်ရန်အတွက် ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။









