စီးရီးအေတွင် ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုအမြင့်ဆုံးဖြစ်နေ

စီးရီးအေတွင် ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုအမြင့်ဆုံးဖြစ်နေ
Photo: Sky Sports
Photo: Sky Sports
Published 3 September 2020

လက်ရှိရာသီ စီးရီးအေပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှုသည်  နှစ်ပေါင်း(၆၀)အတွင်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်နေသည်။ 



လက်ရှိရာသီစီးရီးအေပွဲစဉ် (၃၂)ပြီးဆုံးချိန်တွင် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက သွင်းဂိုး(၂၉) ဂိုး၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက သွင်းဂိုး (၂၈)ဂိုးသွင်းယူထားနိုင်ပြီး ယင်းမှာ ၁၉၅၀-၅၁ ရာသီနှင့် ၁၉၅၈-၅၉ ရာသီနောက်ပိုင်း ကစားသမားနှစ်ဦးသည် စီးရီးအေပွဲစဉ် (၃၂)ပြီးဆုံးချိန်တွင် ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုး(၂၈)ဂိုး နှင့်အထက် သွင်းယူထားနိုင်ခြင်းဖြစ်သည်။ 



၁၉၅၀-၅၁ ရာသီတွင် အင်တာမီလန်မှ အန်ယာစ်နှင့် အေစီမီလန်မှ နော်ဒဲလ်၊ ၁၉၅၈-၅၉ ရာသီတွင် အင်တာမီလန်မှ အန်ဂျီလီလိုနှင့် အေစီမီလန်မှ အယ်လ်တာဖီနိုတို့ ယင်းကဲ့သို့ မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent