အက်စ်ပန်ညို - အီဘာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)
အက်စ်ပန်ညိုဆီက ဘာမှမျှော်လင့်ထားလို့ မရတော့ဘူး ထင်ပါတယ်။ အီဘာကလည်း တန်းဆင်းအန္တရာယ်နဲ့ ဝေးရာ ရောက်ဖို့ အမှတ်ရှာနေချိန်ဖြစ်လို့ အက်စ်ပန်ညိုအတွက် ခက်ခဲ ဦးမှာပါ။ အီဘာနဲ့ ဂိုးအနည်းကိုပဲ ရွေးထားချင်တယ်။
လီဗန်တေး - ဘီလ်ဘာအို (တနင်္ဂနွေည ၉း၃၀ နာရီ)
လီဗန်တေးကတော့ ခပ်မှန်မှန်ပဲသွားနေတယ်။ ဇယားအ လယ်ကအသင်းပီပီ စိတ်အေးလက်အေးကစားရင်း အမှတ်ရသ လောက် ယူပြနေတယ်။ ဘီလ်ဘာအိုကတော့ ယူရိုပါလိဂ်ဝင်ခွင့် အတွက် အမှတ်ရှာနေချိန်ပါ။ ဂိုးနည်းသရေပွဲပဲ ထင်တယ်။
လီဟာနက်စ် - ဗလင်စီယာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)
အခုအချိန်မှာ ပြဿနာမျိုးစုံနဲ့ အခက်အခဲအကျပ်အ တည်းတွေကြုံနေတဲ့ ဗလင်စီယာကို မျှော်လင့်မထားတာ အ ကောင်းဆုံးပါပဲ။ လတ်တလော အဝေးကွင်းကစားပုံကလည်း အားရစရာမရှိဘူး။ တန်းမဆင်းရရေး စိတ်ဓာတ်အပြည့်နဲ့ ရုန်း နေတဲ့ လီဟာနက်စ်ကိုပဲ ရွေးထားမယ်။ ဂိုးလည်း များမယ်။
ဆီဗီလာ - မာယော့ကာ (တနင်္လာနံနက် ၂း၃၀ နာရီ)
ဆီဗီလာကတော့ အဆင့် (၄)နေရာမြဲဖို့ အိမ်ကွင်းမှာ အ မှားမရှိအောင် ကစားရတော့မယ့်အချိန် ရောက်နေပါပြီ။ မထင် မှတ်ဘဲ သရေပွဲတွေများခဲ့လို့လည်း ဆီဗီလာတို့ ဖိအားဝင်နေ တာပါ။ အမှတ်ပေးဇယားရပ်တည်မှုအရ အခက်အခဲသိပ်မရှိ ဘူးဆိုရင်တောင် လက်ကျန်ပွဲတွေမှာ အမှားအယွင်းများခဲ့ရင် ဆီဗီလာတို့အတွက် ဖိအားများသွားနိုင်ပါတယ်။ မာယော့ကာ ကလည်း တန်းမဆင်းရရေး အားကုန်ထုတ်နေပေမယ့် အား နည်းတဲ့ အဝေးကွင်းကစားပုံနဲ့ ခံစစ်ပိုင်းမပြင်ဆင်နိုင်ပုံနဲ့တော့ ဆီဗီလာလိုအသင်းကို တောင့်ခံကစားပြဖို့ လွယ်မယ်မထင်ဘူး။ ဆီဗီလာနဲ့ ဂိုးအများပဲ ကြိုက်တယ်။









