ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

 ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 12 July 2020

ဝုလ်ဗ် - အဲဗာတန် (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

ဝုလ်ဗ်အတွက် အဲဗာတန်က ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ အဲဗာတန်ရဲ့ လူစာရင်းက ဝုလ်ဗ် ကို ကောင်းကောင်းယှဉ်နိုင်စွမ်းရှိပါတယ်။ အဲဗာတန်အတွက် အဓိကပြဿနာက ခံစစ် မှာ လူစုံမကစားနိုင်ခြင်းဖြစ်တယ်။ ဒီအချက်ကို အခွင့်အရေးယူနိုင်ရင်တော့ ဝုလ်ဗ်အ တွက် အဖိုးတန်တဲ့အမှတ်တွေ ရနိုင်ပါတယ်။ လက်ရှိအနေအထားမှာ အဲဗာတန်က အမှတ်  မလိုတဲ့အသင်းလည်းဖြစ်နေလို့ ဝုလ်ဗ် ကပ်နိုင်ဖို့များတယ်။ 

အက်စတွန်ဗီလာ - ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည ရး၄၅ နာရီ)

ရစ္စတယ်ပဲလေ့စ်က ခံစစ်ပြဿနာကြီးလာတယ်။ ကယ်လီ ဒဏ်ရာရသွားကတည်း က ဂိုးတွေဆက်တိုက်ပေးလာရတယ်။ ခံစစ်က အမှားများပြီး လေးလံတယ်။ ကာဟေးလ်ပါ ဒဏ်ရာထပ်ရသွားတော့ ပိုဆိုးတယ်။ ဗီလာကတော့ ဝက်စ်ဟမ်းနဲ့ ဝက်ဖို့ဒ်ကို မီဖို့၊ ဘုန်း မောက်ကို အမှတ်ဖြတ်နိုင်ဖို့ အရေးကြီးတဲ့ပွဲဖြစ်ပြီး ကစားပုံမဆိုးပါဘူး။ ဒီလိုပွဲမျိုးမှာတော့ ဗီလာ အမှတ်ရအောင် ယူလိမ့်မယ်။

စပါး - အာဆင်နယ် (တနင်္ဂနွေည ၁ဝးဝ၀ နာရီ)

ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်လို့ပြောရမယ်။ ရာသီကုန်ချိန်နီးလာပြီဖြစ်ပြီး နှစ်သင်းစလုံးက ခိုင်မာ တဲ့ ရပ်တည်မှုမျိုးမရှိကြဘူး။ တစ်သင်းမဟုတ် တစ်သင်းက ဥရောပဝင်ခွင့်နဲ့ ဝေးသွားနိုင်သလို၊ နှစ်သင်းစလုံးလည်းဖြစ်သွား နိုင်တယ်။ ဒီအချိန်မှာ ရှုံးတဲ့အသင်းအတွက်တော့ မျှော်လင့်ချက်ကုန်သလောက်ဖြစ်သွားနိုင်တယ်။ လက်ရှိ ကစားသမားအင် အားနဲ့ စုဖွဲ့မှုမှာ အာဆင်နယ်ထက် စပါးက ပိုကောင်းပြီး အရည်အသွေးနဲ့ အတွေ့အကြုံပေါင်းစပ်ထားတဲ့ ကစားသမားတွေ များတယ်။ ပြဿနာက စပါးကစားသမားတွေရဲ့ကွင်းတွင်းကစားပုံက ပေါ့ပေါ့ပါးပါးမရှိဘူး။ စိတ်ဖိစီးနေသလို ပုံဖြစ်နေပြီး သူ တို့ရဲ့ အကောင်းဆုံးပုံစံကိုလည်း ထုတ်မပြနိုင်ဘူး။ အာဆင်နယ်က ဒီအပို်င်းမှာ သာတယ်။ လူအင်အားပိုင်းမှာ နည်းနည်းအား နည်းပေမယ့် ကစားသမားတွေက လက်ရှိ လူစာရင်း၊ ကစားကွက်နဲ့ အထိုင်ကျသလိုဖြစ်လာတယ်။ ဒါပေမဲ့ အာဆင်နယ်ရဲ့ ပြဿနာက မော်ရင်ဟိုဆို ငယ်ကြောက်လိုဖြစ်နေပြီး ပွဲ (၂၀)မှာ (၁၀)ပွဲရှုံး၊ (၂)ပွဲပဲနိုင်ဖူးတယ်။ ဒီပွဲလည်း စပါးကိုကြိုက်တယ်။

ဘုန်းမောက် - လက်စတာ (တနင်္လာနံနက် ဝဝး၃၀ နာရီ)

ဘုန်းမောက်က ဗီလာ၊ ဝက်ဖို့ဒ်၊ ဝက်စ်ဟမ်းတို့ထဲက (၂) သင်းကို ကျော်ဖို့ကြိုးစားရ မယ့်အနေအထားဖြစ်ပြီး လက်ကျန်ပွဲစဉ်အရဆိုရင် ဖြစ်နိုင်ဖို့ မလွယ်တော့ဘူး။ ဒီပွဲပြီးရင် လည်း ပွဲကျပ်တွေဆက်ကစားရမယ်။ ပိုဆိုးတာက လက်စတာက အဆင့် (၄)နေရာအ တွက် ခြိမ်းခြောက်ခံလာရတဲ့အခြေအနေဖြစ်နေတယ်။ ဒါကြောင့် ဒီပွဲမှာလည်း လက်စတာ ကိုကြိုက်တယ်။ ဘုန်းမောက် ရှုံးပွဲဆက်ဦးမယ်။ 

Most Read

Most Recent