ယိုဗစ်အား ပေါင် (၃၁)သန်းဖြင့် ခေါ်ယူရန် လက်စတာအသင်း စီစဉ်

ယိုဗစ်အား ပေါင် (၃၁)သန်းဖြင့် ခေါ်ယူရန် လက်စတာအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 11 July 2020

လက်စတာအသင်းသည် ရီးယဲလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် ဆားဘီးယားတိုက်စစ်မှူး ယိုဗစ်အား ပေါင်(၃၁)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ယိုဗစ်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဖရန့်ဖတ်အသင်းမှ ရီးယဲလ်အသင်းသို့ ပေါင် (၅၄)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် ယိုဗစ်သည် ရီးယဲလ်အသင်းတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြီး ယခုရာသီပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ 

ထို့ကြောင့် ရီးယဲလ်အသင်းသည် ယိုဗစ်အား ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ရောင်းချရန် စီစဉ်နေပြီး ၎င်းအတွက် ကမ်းလှမ်းမှုများကို စောင့်ကြည့်နေကြောင်း သိရသည်။ 

ယိုဗစ်အား ခေါ်ယူရန် စီးရီးအေကလပ် အေစီမီလန်အသင်းက စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ယခုအခါ လက်စတာအသင်းကပါ ၎င်းကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း Daily Mail က ဖော်ပြခဲ့ခြင်းဖြစ်သည်။

လက်စတာအသင်းသည် အသင်းတိုက်စစ်ပိုင်းတွင် အသက်အရွယ်ရလာပြီဖြစ်သည့် အင်္ဂလန်တိုက်စစ်မှူး ဗာဒီ(၃၃ နှစ်)၏နေရာ၌ အစားထိုးရန် ယိုဗစ်ကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent