စပါးအသင်းအတွက် ဆုဖလားများ ရယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟို ဆို

စပါးအသင်းအတွက် ဆုဖလားများ ရယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟို ဆို
Photo: AFP
Photo: AFP
Published 11 July 2020

စပါးအသင်းနည်းပြ မော်ရင်ဟိုက မိမိအနေဖြင့် စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းအတွက် ဆုဖလားများ ရယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

မော်ရင်ဟိုသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စပါးအသင်းနည်းပြအဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ 

၎င်းလက်ထက်တွင် စပါးအသင်းမှာ ရုန်းကန်နေသော်လည်း စာချုပ်သက်တမ်းမကုန်ဆုံးမီ စပါးအသင်းအနေဖြင့် ဆုဖလားများ ရယူနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက "ကလော့ပ်နဲ့ လီဗာပူးလ် ဆုဖလားတွေရဖို့ ဘယ်လောက်အချိန်ယူခဲ့ရလဲ။ (၄)နှစ်၊ (၄) ရာသီကြာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲ တစ်ယောက်နဲ့ ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူတွေထဲက တစ်ယောက်ကို သူတို့ ခေါ်ယူခဲ့တယ်။ ပြီးတော့ တခြားလုပ်ဆောင်မှုတွေလည်း အများကြီးပေါ့။ ကျွန်တော်ကတော့ စပါးအသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့  (၃)နှစ်တာကာလအတွက် အာရုံစိုက်ထားပါတယ်။ အဲဒီ (၃)နှစ်တာကာလအတွင်း ကျွန်တော်တို့ ဆုဖလားတွေ ရနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်၌ ရုန်းကန်နေရပြီး ပွဲစဉ် (၃၄)အပြီးတွင် ရမှတ် (၄၉)မှတ်ဖြင့် အဆင့် (၉)နေရာ၌ ရပ်တည်နေကာ အဆင့် (၄)နေရာမှ လက်စတာအသင်း (၅၉ မှတ်)နှင့် (၁၀)မှတ်အထိ ကွာဟနေသည်။

Most Read

Most Recent