မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် နည်းစနစ်ဒါရိုက်တာသစ်တစ်ဦးကို ယခုနှစ်ကုန်ပိုင်းတွင် ခန့်အပ်ရန် စီစဉ်နေ ကြောင်း သိရသည်။
MFF သည် ယခင်နည်းစနစ်ဒါရိုက်တာ ဟောင်း အဲရစ်အာဗရန်နှင့် လမ်းခွဲပြီးက တည်းက နည်းစနစ်ဒါရိုက်တာတစ်ဦး ခန့်အပ် ရန် စီစဉ်နေခြင်းဖြစ်ပြီး သင့်တော်မည့်သူကို အဆင့်ဆင့်ရွေးချယ်၍ ခန့်အပ်သွားမည်ဖြစ် သည်။ MFF သည် နည်းစနစ်ဒါရိုက်တာ တစ်ဦး ခန့်အပ်ရန်အပြင် ဥရောပထိပ်သီး ကလပ်အသင်းအချို့နှင့်လည်း မိတ်ဖက် အဖြစ် ဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိသည်။ နည်းစနစ်ဒါရိုက်တာရာထူးအတွက် လျှောက် ထားသူများရှိပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ ကြောင့် လတ်တလောခန့်အပ်နိုင်ရန် မလွယ် ကူသေးသဖြင့် လျှောက်လွှာသစ်များ ထပ်မံ လက်ခံမည်ဖြစ်ကြောင်း သိရသည်။
''နည်း စနစ်ဒါရိုက်တာခန့်အပ်ဖို့ ဆောင်ရွက်နေ ပေမဲ့ နှစ်ကုန်ပိုင်းလောက်မှ ဖြစ်နိုင်ပါတယ်။ လာမယ့် နည်းစနစ်ကော်မတီအစည်းအဝေး မှာ နည်းစနစ်ဒါရိုက်တာကိစ္စအတွက် ထပ်မံ ဆွေးနွေးမှာဖြစ်ပြီး အသစ်လျှောက်ထားသူ တွေလည်း ရှိနိုင်ပါတယ်။ ကျွန်တော်တို့က သေချာရွေးချယ်ပြီး ခန့်အပ်သွားဖို့ရှိသလို မြန်မာဘောလုံးနဲ့ သင့်တော်တဲ့သူလည်းဖြစ် ဖို့ လိုပါတယ်။ ဥရောပကလပ်အသင်းတွေ ဖြစ်တဲ့ အေဂျက်စ်၊ ဒေါ့မွန်အသင်းတို့နဲ့ မိတ် ဖက်ဆောင်ရွက်ဖို့ ညှိနှိုင်းခဲ့ပေမဲ့ မလုပ်ဖြစ် ဖို့ များပါတယ်။ နည်းစနစ်ဒါရိုက်တာသစ် တစ်ဦးပဲ ခန့်အပ်ဖြစ်ဖို့များပါတယ်။ နည်းစနစ် ဒါရိုက်တာသစ် ခန့်အပ်ပြီးမှ လိုအပ်တဲ့ ပြင် ဆင်မှုတွေ ပြုလုပ်ပေးသွားမှာပါ။ ကိုရိုနာဗိုင်း ရပ်စ်အခြေအနေကြောင့် နည်းစနစ်ဒါရိုက် တာရွေးဖို့ အချိန်ရပါတယ်။ လာရောက် လျှောက်ထားသူတွေအပေါ် သေချာရွေးချယ် သွားမှာပါ'' ဟု MFF နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်က ပြောကြားသည်။
MFF သည် ဘယ်လ်ဂျီယံနိုင်ငံသား အဲရစ်အာဗရန်ကို ၂၀၁၈ ခုနှစ် အောက်တို ဘာတွင် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သော် လည်း လ (၂၀) အကြာမှာပင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့သည်။ အဲရစ်အာဗရန်သည် မြန်မာ့ ဘောလုံးလောက တိုးတက်ရေးအတွက် (၄) နှစ်စီမံကိန်းချမှတ်၍ ဆောင်ရွက်ခဲ့သော် လည်း အစပိုင်းကာလတွင် ၎င်းသတ်မှတ် ထားသည့် ၄-၃-၃ ကစားကွက်ဖြင့် ကစား သည့် မြန်မာဘောလုံးအသင်းများ ရလဒ် မကောင်းခြင်းကြောင့် ဝေဖန်မှုများရင်ဆိုင် ခဲ့ရပြီး ၂၀၁၉ နှစ်လယ်ပိုင်းတွင် ၎င်း၏လုပ် ပိုင်ခွင့်ကို လျှော့ချကာ လူငယ်စီမံကိန်းများ ကိုသာ အဓိကဆောင်ရွက်စေခဲ့သည်။
အဲရစ် အာဗရန်သည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း တွင် နုတ်ထွက်စာတင်ခဲ့ပြီး မေလပထမပတ် တွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။ MFF သည် နည်းစနစ်ဒါရိုက်တာသစ် ခန့် အပ်ပြီးပါက လူငယ်ဖွံ့ဖြိုးရေးစီမံကိန်းများ ကို ဦးစားပေးလုပ်ဆောင်စေမည်ဖြစ်ပြီး MFF လက်အောက်ရှိ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး)၊ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)နှင့် မြန်မာဘောလုံးအကယ်ဒမီ (ပုသိမ်) တို့ကိုပါ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်သည်။
MFF သည် ယခုနှစ်မှစတင်ကာ လူငယ် ပြိုင်ပွဲများ တိုးမြှင့်ကျင်းပရန် ဆောင်ရွက် လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသင်းများပါဝင်သည့် ယူ-၁၄ လူငယ်လိဂ် ပြိုင်ပွဲကို စက်တင်ဘာတွင် ကျင်းပမည်ဖြစ် သည်။ MFF သည် ယူ-၁၄ လိဂ်ပြိုင်ပွဲအပြင် ယူ-၁၆ လိဂ်ပြိုင်ပွဲကိုလည်း ကျင်းပရန် စီစဉ် လျက်ရှိသည်။









