■ အီတလီစီးရီးအေ ပွဲစဉ် (၃၂) ပွဲကြိုးသုံးသပ်ချက်

■ အီတလီစီးရီးအေ ပွဲစဉ် (၃၂) ပွဲကြိုးသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 11 July 2020

လာဇီယို - ဆာဆူအိုလို (စနေည ၉း၄၅ နာရီ)

Restart ကာလမှာ လာဇီယိုရဲ့ထက်မြက်မှု အရည်ပျော် ကျနေတယ်။ လက်ချီကို ရှုံးနိမ့်ခဲ့တာက လာဇီယိုအတွက် ရှက် စရာကောင်းတယ်ဆိုပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်တာ ကို အပြစ်တင်ရမယ်။ ဆာဆူအိုလိုက မထင်မှတ်တဲ့ခြေစွမ်းကို ပြသနေပြီး တိုက်စစ်ကစားပုံ တိုးတက်ကာ ဂိုးမြူးနေပါတယ်။  လာဇီယို သတိထားရမယ့်ပွဲမျိုးဖြစ်ပေမယ့် ပြန်လည်ပေါက်ကွဲ ပြသင့်နေပါပြီ။ လာဇီယို (၂)ဂိုးပြတ်နိုင်မယ်။ 

ဘရက်စီယာ - ရိုးမား (စနေည ၁၂းဝ၀ နာရီ)

အိမ်ကွင်းနောက်ဆုံးပွဲမှာ ဗီရိုနာကို ဘရက်စီယာ အနိုင် ကစားပြထားတယ်။ ဒါဟာ မထင်မှတ်တဲ့အနေအထားဖြစ်ပေ မယ့် အခုရင်ဆိုင်ရမယ့် ရိုးမားကလည်း သိပ်ပြီးယုံကြည်လို့မရ တဲ့အသင်းမျိုးဖြစ်နေလို့ ဘရက်စီယာ အခွင့်အရေးယူနိုင်အောင်  ရုန်းကန်ပါလိမ့်မယ်။ ရိုးမားက ယူရိုပါလိဂ်ဝင်ခွင့် ခြိမ်းခြောက် ခံလာရလို့ အမှားထပ်လုပ်မယ်မထင်ဘူး။ ဒါပေမဲ့ ဘရက်စီယာ ရဲ့ ရုန်းကန်အားကြောင့် ရိုးမား အလွန်ဆုံးကပ်နိုင်ရုံပါပဲ။ 

ဂျူဗင်တပ်စ် - အတ္တလန်တာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဂိုးတွေဆက်တိုက်ပေးလာရတဲ့ ဂျူဗင်တပ်စ်ရဲ့ ခံစစ်ကစားပုံကြောင့် အတ္တလန်တာရဲ့သွင်းဂိုးမုန်တိုင်းကို ရပ်တန့်နိုင်မယ် မထင်ဘူး။ အေစီမီလန်ကို ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲက ဂျူဗင်တပ်စ်ရဲ့ ခံစစ်ကစားပုံက လိုအပ်ချက်တွေများတယ်။ ဂိုးသမား ဆဇက်စနီ ကလည်း တည်ငြိမ်မှုသိပ်မရှိဘူး။ ပြီးတော့ ဂျူဗင်တပ်စ်ရဲ့ ကွင်းလယ်ကစားပုံက မတည်ငြိမ်ဘူး။ လူထုတ်ပုံမတည်ငြိမ်လို့ လုပ် အားနှုန်းပါ ပြောင်းလဲနေပါတယ်။ တိုက်စစ်မှာ စီရော်နယ်လ်ဒို ဂိုးပြန်မြူးနေတာက လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်ပိုင်ဆိုင်ထားတဲ့  တစ်ခုတည်းသောကောင်းကွက်လို့ ဆိုရမယ်။ နောက်ပိုင်းပွဲတွေမှာ အတ္တလန်တာရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် အားပျော့သလိုဖြစ် နေပေမယ့် အသင်းကြီးတွေနဲ့ စီးချင်းထိုးရတိုင်း ပိုပြီးရုန်းကန်တတ်တဲ့အစဉ်အလာကို မေ့မထားသင့်ဘူး။ နှစ်သင်းစလုံး အမှတ် အရေးပေါ်မလိုအပ်ပေမယ့် နိုင်ပွဲရအောင် အပြိုင်အဆိုင်ကြိုးပမ်းလိမ့်မယ်။ ဂျူဗင်တပ်စ် ခက်ခဲမယ့်ပွဲပါပဲ။ 

 

Most Read

Most Recent