ပယ်လီဂရီနီကို လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဘက်တစ်အသင်း အတည်ပြု

ပယ်လီဂရီနီကို လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဘက်တစ်အသင်း အတည်ပြု
Photo: Real Betis Twitter
Photo: Real Betis Twitter
Published 9 July 2020

လာလီဂါကလပ် ဘက်တစ်အသင်းသည် ရီးယဲလ်နှင့် မန်စီးတီးနည်းပြဟောင်း ပယ်လီဂရီနီကို လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း အတည်ပြုကြေညာခဲ့သည်။

ဘက်တစ်အသင်းသည် ပြီးခဲ့သည့် ဇွန်လကမှ နည်းပြ ရူဘီကို ရာထူးမှ ထုတ်ပယ်ကာ ယာယီနည်းပြနှင့် ဆက်လက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

ယခုအခါ ပယ်လီဂရီနီကို လာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုသွားမည်ဟု သိရှိရသည်။

ပယ်လီဂရီနီ(၆၆ နှစ်)သည် ရီးယဲလ်အပါအဝင် ဗီလာရီးယဲလ်၊ မာလာဂါစသည့် လာလီဂါအသင်းများကို ကိုင်တွယ်ခဲ့ဖူးသလို၊ ပရီးမီးယားလိဂ်မှ မန်စီးတီးနှင့် ဝက်စ်ဟမ်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

ထို့ပြင် ၂၀၁၃-၁၄ ရာသီ၌ မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ပယ်လီဂရီနီအား ခန့်အပ်ခဲ့ခြင်းကို ဘက်တစ်အသင်းပရိသတ်များက ကြိုဆိုခဲ့ကြကြောင်းလည်း သိရှိရသည်။

Most Read

Most Recent