၅၈ နှစ်မြောက် 7 July အောက်မေ့ဖွယ် အခမ်းအနားကို ဇူလိုင် ၇ ရက် (ယနေ့) နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မြက်ခင်းပြင်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်အခြေစိုက် ကျောင်းသားသမဂ္ဂများ စုပေါင်းကာ ပြုလုပ်ခြင်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အဖွဲ့ဝင် ကျောင်းသားများ၊ တကသ ကျောင်းသားများ၊ မျိုးဆက်အသီးသီးမှ ကျောင်းသားဟောင်းများ၊ နိုင်ငံရေး တတ်ကြွလှုပ်ရှားသူများ၊ တက်ရောက်ခဲ့ကာ ဇူလိုင် ၇ ရက်တွင် ကျဆုံးခဲ့သည့် ကျောင်းသားများကို လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း၊ ၅၈ နှစ်မြောက် 7July အောက်မေ့ဖွယ် အခမ်းအနားအတွက် ထုုတ်ပြန်ချက် အသီးသီးကို ဖတ်ကြားခြင်း၊ မျိုးဆက်အသီးသီးမှ ကျောင်းသားဟောင်းများက အမှတ်တရ အောက်မေ့ဖွယ်စကား ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။


ယခင်နှစ် ၅၇ နှစ်မြောက် 7 July အခမ်းအနား ကျင်းပခဲ့ရာ သက်ဆိုင်ရာသို့ ခွင့်ပြုမိန့် မတင်ခြင်းကြောင့် ဟုဆိုကာ လှိုင်မြို့နယ် တရားရုံးနှင့် ကမာရွတ်မြို့နယ် တရားရုံးများက ဗကသကျောင်းသား ၆ ဦးနှင့် တကသ ကျောင်းသား ၂ ဦးတို့ကို ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။















