စီးရီးအေပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 4 July 2020

ဂျူဗင်တပ်စ် - တိုရီနို (စနေည ၉း၄၅ နာရီ)

(၂)ပွဲဆက်ရှုံးနိမ့်ထားပေမယ့် တိုရီနိုရဲ့ ကစားပုံကို ဂျူဗင်တပ်စ် လျှော့တွက်လို့မရဘူး။ ပြီးတော့ တူရင်ဒါဘီဆိုတဲ့ခံစားချက် ကြောင့် တိုရီနို စွမ်းသလောက်ရုန်းပြပါလိမ့်မယ်။ နောက်ဆုံးတွေ့ ဆုံမှု (၅)ကြိမ်ကို ပြန်ကြည့်ရင် တူရင်ဒါဘီမှာ ဂျူဗင်တပ်စ် ရှုံးပွဲ မရှိခဲ့ပေမယ့် ပြတ်သားတဲ့ရလဒ်မျိုး မပိုင်ဆိုင်ခဲ့ဘူး။ ဒါပေမဲ့ လက် ရှိအချိန်မှာ စီရော်နယ်လ်ဒိုနဲ့ ဒီဘားလား ဂိုးမြူးနေလို့ အဝေးကွင်းမှာ ဂိုးပေးနှုန်းများတဲ့ တိုရီနို (၂)ဂိုးပြတ် ရှုံးသွားနိုင်တယ်။ 

ဆာဆူအိုလို - လက်ချီ (စနေည ၁၂းဝ၀ နာရီ)

ဆာဆူအိုလိုက ဂိုးတွေသွင်းသလို၊ ဂိုးတွေလည်း ပြန်ပေး နေရတယ်။ ကစားပုံအရ လက်ချီကို အသာစီးမရစရာအကြောင်း မရှိပါဘူး။ လက်ချီက တန်းဆင်းဇုန်ထဲနစ်မွန်းနေပေမယ့် ဘာ မျှော်လင့်ချက်မှမရှိသလို ကစားနေတယ်။ ဆာဆူအိုလို အနိုင် သေချာပါတယ်။ 

လာဇီယို - အေစီမီလန် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

အေစီမီလန်က ရာသီကုန်ဆုံးခါနီးမှာ ရလဒ်တွေကောင်းနေပါတယ်။ SPAL နဲ့ပွဲမတိုင် မီမှာ ရိုးမားကို အနိုင်ရထားပြီး ရယ်ဘစ်၊ ချာဟာနိုဂလူးတို့က သွင်းဂိုးတွေအတွက် ခြေစွမ်း ပြနေပါတယ်။ လာဇီယိုက ချန်ပီယံဆုမျှော်လင့်ချက်အတွက် အမှားခံလို့မရတဲ့အခြေအနေ မျိုးမှာ Comeback win တွေကြောင့်သာ အသက်ရှူချောင်နေရပြီး ခြေစွမ်းက လိုအပ် ချက်တွေရှိနေတယ်။ အေစီမီလန်တစ်မှတ်မျှော်ခွင့်ရှိပေမယ့် လာဇီယို ကပ်နိုင်သွားမယ်။

Most Read

Most Recent