မန်ယူကွင်းလယ်လူများဖြစ်သည့် ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့သည် လေ့ကျင့်ရေးကွင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။
The Mirror ၏ ဖော်ပြမှုအရ ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့သည် ဇူလိုင်လ (၃)ရက်က ပြုလုပ်ခဲ့သည့် မန်ယူအသင်း၏ လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်မိကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်၏ ဒဏ်ရာအခြေအနေမှာ ပိုဆိုးကြောင်း သိရသည်။

Lockdown ကာလအလွန် ပြန်လည်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့မှာ မန်ယူအသင်းအတွက် ခြေစွမ်းပြနေသူများဖြစ်ပြီး ၎င်းတို့ကစားနိုင်ခြင်းမရှိပါက မန်ယူအသင်းအတွက် ထိုးနှက်ချက် ဖြစ်လာဖွယ်ရှိနေသည်။
ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့ နှစ်ဦးစလုံးသည် လေ့ကျင့်ရေးတွင် ထိခိုက်မိခြင်းကြောင့် ဆေးကုသမှုများ ခံယူခဲ့ရပြီး ယနေ့ (ဇူလိုင် ၄ ရက်)ကစားမည့် ဘုန်းမောက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်ဖွယ်ရှိ၊ မရှိကို မသိရသေးကြောင်း သိရသည်။

ဘရူနိုဖာနန်ဒက်စ်သည် ပြီးခဲ့သည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလက စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၆)ဂိုးသွင်းကာ (၄)ဂိုးဖန်တီးထားသည်။
ဘရူနိုဖာနန်ဒက်စ်နှင့် ပေါ့ဘာတို့သာ ဒဏ်ရာပြဿနာများကြောင့် အနားယူရမည်ဆိုပါက လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မှန်းနေသည့် မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်လာမည်ဖြစ်ကြောင်း The Mirror က သုံးသပ်ဖော်ပြခဲ့သည်။









