နောဝစ်ချ် - ဘရိုက်တန် (စနေညနေ ၆းဝ၀ နာရီ)
ဘရိုက်တန်က ရှေ့ပွဲတွေမှာ ပုံစံကောင်းပြခဲ့ပေမယ့် မန်ယူနဲ့ ကစားခဲ့တဲ့ပွဲမှာတော့ လုံးဝမယှဉ်နိုင်ဘဲ ရှုံးခဲ့တယ်။ ပုံစံကောင်းပြနေတဲ့ အသင်းကြီးတစ်သင်းကို ရှုံးခဲ့တာက ပြ ဿနာတော့ မဟုတ်ဘူး။ နောဝစ်ချ်က အဆိုးရွားဆုံးအခြေအနေရောက်နေတဲ့အသင်း ဖြစ်ပြီး တိုက်စစ်ကလည်း တော်တော်အားနည်းတယ်။ ကန့်ဝဲလ်နဲ့ ခံစစ်တောင်ပံကစားပုံ မဆိုးပေမယ့် အသင်းလိုက်ပြဿနာအများကြီးပါ။ ဘရိုက်တန်ကိုကြိုက်တယ်။
လက်စတာ - ခရစ္စတယ်ပဲလေ့စ် (စနေည ၈း၃၀ နာရီ)
လက်ရှိအနေအထားအရဆိုရင် လက်စတာနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကြားမှာ ကွာ ဟချက်ကြီးကြီးမားမားမရှိဘူး။ လီဗာပူးလ် နည်းပြဟောင်းနှစ်ဦးရဲ့ပွဲစဉ်ဖြစ်ပြီး နှစ်သင်းစ လုံးမှာ အရည်အသွေးမြင့်ကစားသမားတွေရှိတယ်။ တိုက် စစ်က ဒီဘက်ပိုင်းကာလတွေမှာ နှစ်သင်းစလုံး အားနည်းချက်တွေရှိတာတွေ့ရတယ်။ လက်စတာကတော့ ခံစစ်ပိုင်း အား နည်းနေပြီး စိတ်ဓာတ်လည်း ပျက်နေတယ်။ သရေကျရင် အံ့သြစရာမရှိဘူး။
မန်ယူ - ဘုန်းမောက် (စနေည ၈း၃၀ နာရီ)
မန်ယူရဲ့ Rhythm က တော်တော်လေးကောင်းနေပါပြီ။ ယုံကြည်မှု မြင့်မားလာတဲ့ အနေအထားကို မြင်ရသလို၊ အသင်းလိုက်ဟန်ချက်လည်း တော်တော်လေးညီညွတ် တယ်။ အထူးသဖြင့် နောက်ပိုင်းပွဲတွေမှာ သွင်းဂိုးတွေ သိပ်မခက်တော့ဘူး။ ဘုန်းမောက် ကတော့ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်နေရသလို၊ ခံစစ်ကလည်း ဂိုးတွေပေးနေရတယ်။ မန်ယူ နိုင်ပွဲဆက်ဦးမယ်။
ဝုလ်ဗ် - အာဆင်နယ် (စနေည ၁၁းဝ၀ နာရီ)
ဝုလ်ဗ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အစွမ်းကုန်ရုန်းကန်နေပြီး နိုင်ပွဲတွေလည်း ဆက်နေတယ်။ အာဆင်နယ်ကတော့ အခုအချိန်မှာ ယူရိုပါလိဂ်ဝင်ခွင့်ကိုပဲ ပစ်မှတ်ထားရတော့မယ့်အနေအထားပါ။ ဝုလ်ဗ်က ပရီးမီးယားလိ်ဂ်မှာ နောက်ဆုံး (၈)ပွဲ ဆက်တိုက် မရှုံးအောင်ကစားနိုင်ခဲ့သလို၊ ရာသီတစ်ကျော့ပြန်စပြီးတဲ့ (၃)ပွဲစလုံး အနိုင်ရခဲ့လို့ အဆင့် (၅)နေရာအထိ တက်လာ တယ်။ အသင်းလိုက်ကစားပုံ မာကျောပြီး၊ ဟန်ချက်ညီတယ်။ တိုက်စစ်မှာ ဟီမင်နက်ဇ်နဲ့ အဒါမာထရာအိုရေးတို့အတွဲက အ လုပ်ဖြစ်နေပြီး ခံစစ်နဲ့ ကွင်းလယ်လည်း တောင့်တင်းတယ်။ အာဆင်နယ်ထက် ပိုကျစ်လျစ်ခိုင်မာပြီး အာဆင်နယ်ကို အနိုင် ယူနိုင်စွမ်းရှိတဲ့ အနေအထားဖြစ်တယ်။ အာဆင်နယ်က ပြီးခဲ့တဲ့နှစ်က ဝုလ်ဗ်ကို အိမ်ကွင်းသရေ၊ အဝေးကွင်းမှာ ရှုံးခဲ့ပြီး၊ ဒီနှစ် လည်း ပထမအကျော့တုန်းက အိမ်ကွင်းမှာ မနိုင်ခဲ့ဘူး။ ဆောက်သမ်တန်ကိုနိုင်၊ FA ဖလားပွဲမှာ ရှက်ဖီးယူနိုက်တက်တို့ကို နိုင်ခဲ့ပေမယ့် တိုးတက်မှုကြီးကြီးမားမား မတွေ့ရပါဘူး။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။
ချယ်လ်ဆီး - ဝက်ဖို့ဒ် (တနင်္ဂနွေနံနက် ၁း၃၀ နာရီ)
ဝက်ဖို့ဒ်ကစားတာ မညံ့ပေမယ့် တိုက်စစ်မှာ ဂိုးသွင်းမယ့်သူ မရှိတဲ့ ပြဿနာကို ရင် ဆိုင်နေရတယ်။ ချယ်လ်ဆီးက ဂိုးတွေ ပုံမှန်သွင်းနေတဲ့ အသင်းဖြစ်ပြီး အသင်းလိုက် အ မြန်နှုန်းနဲ့ တစ်ဦးချင်း ကျွမ်းကျင်မှုတွေက ဝက်ဖို့ဒ်အတွက် ထိန်းချုပ်ရခက်ခဲတဲ့ အရာတွေ လည်းဖြစ်တယ်။ နှစ်သင်းစလုံးက ရည်မှန်းချက်ကိုယ်စီနဲ့ ရုန်းကန်နေကြပေမယ့် ချယ်လ် ဆီးရဲ့ တိုက်စစ်နဲ့ ဂိုးသွင်းအားကြောင့် ချယ်လ်ဆီးနိုင်မယ်။









