အသင်းဟောင်းနှင့်ပွဲတွင် (၂)မိနစ်သာ ဂရီးဇ်မန်းကစားရခြင်းအတွက် ဘာစီလိုနာနည်းပြ ဆယ်တီယန်ကို ဂရီးဇ်မန်း၏ အဖေနှင့်ညီတို့ ဝေဖန်

အသင်းဟောင်းနှင့်ပွဲတွင် (၂)မိနစ်သာ ဂရီးဇ်မန်းကစားရခြင်းအတွက် ဘာစီလိုနာနည်းပြ ဆယ်တီယန်ကို ဂရီးဇ်မန်း၏ အဖေနှင့်ညီတို့ ဝေဖန်
Photo: Marca
Photo: Marca
Published 3 July 2020

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရီးဇ်မန်း၏ ညီဖြစ်သူနှင့် ဖခင်ဖြစ်သူတို့သည် အသင်းဟောင်း အက်သလက်တီကိုနှင့်ပွဲတွင် ဂရီးဇ်မန်းအား ပွဲပြီးခါနီး (၂)မိနစ်လောက်အလိုမှ ထည့်သုံးခဲ့ခြင်းအတွက် ဘာစီလိုနာနည်းပြ ဆယ်တီယန်အား ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ညီဖြစ်သူ သီယိုဂရီးဇ်မန်းသည် ယင်းပွဲချိန်အတွင်း Twitter ၌ " ရိုးရိုးသားသားပြောရရင် ငါငိုချင်နေပြီ"ဟုလည်းကောင်း၊ ဂရီးဇ်မန်း လူစားဝင်လာချိန်တွင် "၂ မိနစ်"ဟုလည်းကောင်း၊ ချက်ချင်းပင် "...."ဟုလည်းကောင်း ပို့စ်(၃)ခုတင်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်ဖျက်သွားခဲ့သည်။

သူက ဆယ်တီယန်သည် ဂရီးဇ်မန်းအား မှန်မှန်ကန်ကန်အသုံးမချနိုင်ဟုလည်း ဆိုခဲ့သည်။ ဂရီးဇ်မန်း၏ ဖခင်ကလည်း ဆက်တီယန်အား အသင်းအပေါ် သြဇာမညောင်းသူဟု ဝေဖန်ခဲ့သည်။

ဆယ်တီယန်ကမူ ယင်းပွဲတွင် ဂရီးဇ်မန်းအား (၂)မိနစ်သာသုံးခဲ့ခြင်းအတွက် "ဒီလောက်အချိန်နည်းနည်းလေးမှာမှ သူလူစားဝင်ခွင့်ရလို့ သူနာကျင်နေမှာကို ကျွန်တော်သိပါတယ်။ သူနဲ့တွေ့ပြီးလည်း စကားပြောမှာပါ။ ဒါပေမဲ့ ဒါကနည်းဗျူဟာပိုင်းဆုံးဖြတ်ချက်ဖြစ်လို့ ကျွန်တော်သူ့ကိုတောင်းပန်မှာတော့မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

နောက်ခံလူ လွန်းဂလတ်ကမူ "သူက (၁၄)ဂိုးသွင်းပြီး ဖန်တီးမှုတွေလည်းလုပ်ထားပါတယ်။ ပထမဆုံးရာသီမှာဒီမှတ်တမ်းကမဆိုးပါဘူး။ ဂရီးဇ်မန်းဖြစ်နေလို့ဝေဖန်ခံနေရတာပါ" ဟု ကာကွယ်ပြောကြားခဲ့သည်။

Most Read

Most Recent