ဆယ်လ်ဆိုကို ဘရူနိုဖာနန်ဒက်စ်သာမက မည်သည့်ကစားသမားနှင့်မျှ မလဲနိုင်ဟု မော်ရင်ဟို ဆို

ဆယ်လ်ဆိုကို ဘရူနိုဖာနန်ဒက်စ်သာမက မည်သည့်ကစားသမားနှင့်မျှ မလဲနိုင်ဟု မော်ရင်ဟို ဆို
Photo: Daily Mail
Photo: Daily Mail
Published 2 July 2020

စပါးအသင်း၏နည်းပြ မော်ရင်ဟိုက အာဂျင်တီးနားကွင်းလယ်ကစားသမား ဆယ်လ်ဆိုကို မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သာမက မည်သည့်ကစားသမားနှင့်မျှ မလဲနိုင်ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့်နွေရာသီက ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ကစားသမားကပင် လက်ခံခဲ့ပြီးဖြစ်သော်လည်း စပို့တင်းလစ္စဘွန်းအသင်းက ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် စပါးအသင်းသည် ဘက်တစ်အသင်းမှ ဆယ်လ်ဆိုကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူကာ မော်ရင်ဟို၏လက်ထက် ၂၀၂၀ ဇန်နဝါရီတွင် ပေါင်(၂၇)သန်းဖြင့် အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ဘရူနိုဖာနန်ဒက်စ်မှာလည်း ယင်းဇန်နဝါရီအပြောင်းအရွှေ့တွင်ပင် မန်ယူအသင်းထံ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနေသည့်အတွက် ၎င်းအား လက်လွတ်ခဲ့ရခြင်းအတွက် မော်ရင်ဟိုအား မေးမြန်းခဲ့ရာ ''ကျွန်တော် အဲဒီအကြောင်းတွေ သေချာမသိပါဘူး။ ဆယ်လ်ဆိုက ဘရူနိုဖာနန်ဒက်စ်အစား ရောက်လာတာဖြစ်ခဲ့ရင်လည်း ကျွန်တော် သူ့ကို ဘယ်ကစားနဲ့မှ မလဲနိုင်ပါဘူး။ ဘရူနိုတင်မဟုတ်ပါဘူး။ တခြားဘယ်ကစားသမားနဲ့မှ မလဲနိုင်ပါဘူး။ ကျွန်တော် ရောက်တော့ အသင်းမှာ သူ မကစားရပါဘူး။ ချန်ပီယံလိဂ်တစ်ပွဲပဲ ကစားရသေးတယ်လို့ ထင်ပါတယ်။ သူက ကျွန်တော် သဘောကျတဲ့ ကစားသမားမျိုးပါ။ သူက ပွဲရဲ့အခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်တဲ့သူပါ။ ကျွန်တော်တို့အသင်းအတွက် စိတ်လှုပ်ရှားစရာကစားသမားတစ်ယောက်ပါပဲ'' ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

Most Read

Most Recent