လက်စတာအသင်းနှင့်ပွဲမှ ပထမပိုင်းခြေစွမ်းသည် ချယ်လ်ဆီးကို မိမိ တာဝန်ယူနေစဉ်အတွင်း အညံ့ဆုံးခြေစွမ်းဟု လမ်းပတ် ဝန်ခံ

လက်စတာအသင်းနှင့်ပွဲမှ ပထမပိုင်းခြေစွမ်းသည် ချယ်လ်ဆီးကို မိမိ တာဝန်ယူနေစဉ်အတွင်း အညံ့ဆုံးခြေစွမ်းဟု လမ်းပတ် ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 30 June 2020

ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ လမ်းပတ်က လက်စတာအသင်းနှင့် ကစားခဲ့သည့်ပွဲမှ ပထမပိုင်းတွင်ကစားခဲ့သည့် ခြေစွမ်းသည် မိမိချယ်လ်ဆီးအသင်းကို တာဝန်ယူနေစဉ်အတွင်း အညံ့ဆုံးပွဲတစ်ပွဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

လမ်းပတ်သည် အသင်း၏ ပထမပိုင်းခြေစွမ်းအတွက် အလွန်ဒေါသထွက်ခဲ့ပြီး ယင်းပွဲချိန်တွင်းတွင်လည်း ပထမပိုင်းပြီးသည်နှင့် ရီးစ်ဂျိမ်းစ်၊ မေဆန်မောင့်နှင့် ဂေလ်မော်တို့အားထုတ်ကာ အပြောင်းအလဲများပြုလုပ်ခဲ့သည်။

လမ်းပတ်က "ကျွန်တော် ဒီအသင်းကို ကိုင်တွယ်ချိန်ကတည်းက ဒီလောက်ညံ့တဲ့ပွဲ မတွေ့ဖူးသေးဘူး။ ကျွန်တော်တို့အသင်း ရှုံးခဲ့တဲ့ပွဲတွေ အများကြီးရှိပြီး ဒီပွဲတွေမှာတောင် အခုခြေစွမ်းထက် ကောင်းပါတယ်။ သူ တို့ (လက်စတာ) က အခွင့်အရေး ကောင်းတွေကို အသုံးမချနိုင်ခဲ့လို့ ကျွန်တော်တို့ ကံကောင်းခဲ့တာပါ။ ကျွန်တော်လူစားလဲမှု (၃)ခုလုပ်ခဲ့ပြီး ဒီအပြောင်းအလဲတွေက ပွဲအခြေအနေကို ပြောင်းသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီခြေစွမ်းကလည်း မလုံလောက်သေးပါဘူး။ ကျွန်တော်တို့အသင်း လူပေးတာက များလွန်းပြီး၊ တကယ်တော့ ဒီ့ထက်ပိုပြီး ထက် ထက်မြက်မြက်ကစားခဲ့သင့်ပါတယ်။ ပထမပိုင်းတင်မဟုတ်ဘဲ ဒုတိယပိုင်းမှာလည်း ပိုကောင်းလာတယ်ဆိုပေမယ့် အားနည်းချက်တွေရှိနေတုန်းပါပဲ" ဟု ဆိုခဲ့သည်။

Most Read

Most Recent